Connect with us

Hi, what are you looking for?

News

ဟားခါးတွင် ဝါယာရှော့ကြောင့် နေအိမ်လေးလုံးမီးလောင်

“ဝါယာရှော့ဖြစ်လို့လောင်တာပါ။နေအိမ်လေးလောင် မီးလောင်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် အ.ထ.က (၁)ကျောင်းရှေ့တွင် ယနေ့(နိုဝင်ဘာ ၁ရက်)နေလယ်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ လျှပ်စစ်ဝါယာရှော့ကြောင့်ဖြစ်ပြီး နေအိမ်လေးလုံးမီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ – The Chin Journal

“ဝါယာရှော့ဖြစ်လို့လောင်တာပါ။နေအိမ်လေးလောင် မီးလောင်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင်နေ့လယ် ၂နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – The Chin Journal

မီးလောင်သည့် နေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက် သေနတ်များပစ်ဖောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။