Connect with us

Hi, what are you looking for?

သတင်း

MNDAAက လားရှိုးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပမည်

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပမည်ဖြစ်သည်။

MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ကဖေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပမည်ဖြစ်သည်။

MNDAA၏ အထူးဒေသ(၁) လားရှိုးမြို့၌ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ တပို့တွဲလ ထမနဲထိုးပွဲကို လာမည့် ဖေဖော်ဝါရီ၁ဝရက်တွင် ကျင်းပမည်ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထမနဲထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ဝရက် နေ့လယ် ၂နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ထမနဲထိုးပွဲဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ဒေသခံပြည်သူများက ဝိုင်းဝန်းပါဝင်ကူညီကြမည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ဝင်နွှဲရတာပေါ့။ ဒါပေမယ့် လေကြောင်းရန်ကို သတိထားကြရမယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ကို MNDAA က ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်း သတ်မှတ်ထားသည်။

လာရှိုးမြို့ကိုပြန်ပေးရန် တရုတ်အစိုးရအကူအညီဖြင့် စစ်ကောင်စီက ပြန်တောင်းနေသည်။ သို့သော် MNDAAက လက်မခံဘဲမြို့၏ အုပ်ချုပ်ရေးယန္တရားလှည့်ပတ်ရေး၊ ပြန်လည်စည်ကားရေးကို အရှိန်မြှင့် ကြိုးပမ်းနေသည်။

စစ်ကောင်စီနှင့် MNDAAသည် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အပစ်ရပ်လက်မှတ်ထိုးထားသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီနှင့် MNDAAက မကြေညာဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားထားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီက MNDAAကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ် ကြေညာထားကြောင်းနှင့် ဆက်နွယ်ပတ်သက်သူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဟု ဝါဒဖြင့်သတင်းစာမျက်နှာများမှတစ်ဆင့် မကြာခဏထုတ်ပြန်နေသည်။

MNDAAသည် ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုးအပြင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း၊ မုန်းကိုးနှင့် ဖောင်းဆိုင်မြို့များကို သိမ်းပိုက်ထားသည်။

(MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။