Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Modernaရဲ့ ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးနှံပေးရေးကိစ္စ အချိန်ပိုယူပြီး လေ့လာဖို့ FDA ဆုံးဖြတ်

ကုမ္ပဏီ အနေနဲ့ FDAရဲ့ ဆန်းစစ် ဆုံးဖြတ်ချက်တွေ ထိရောက် မှန်ကန်မှု ရှိစေဖို့ အကောင်းဆုံး ပူးပေါင်း ကူညီပေးနေတယ်လို့ Modernaက ကြေညာပါတယ်။ FDAက ပြန်လည် လေ့လာသုတေသနပြုနေချိန် အတောအတွင်း Moderna အနေနဲ့လည်း ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးပေးရေး လျှောက်ထား တောင်းဆိုမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

Moderna ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးနှံပေးဖို့ကိစ္စ ဆုံးဖြတ်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)က အချိန်ပိုယူဦးမယ်လို့ သိရပါတယ်။

Modernaက FDAဟာ ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေမှာ ထိုးနှံပေးရေး ခွင့်ပြုဖို့ ကိစ္စကို ပိုပြီး အချိန်ယူ သုံးသပ်ဦးမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာ ထိုးပေးဖို့ အတွက်တော့ FDAဆီကရော၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကပါ ထောက်ခံချက် ရထားပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လူငယ်တွေမှာ စမ်းသပ် ထိုးနှံပေးတဲ့ အခါမှာတော့ အရမ်းနည်းပါးတဲ့ အချိုးအစားလောက်မှာ နှလုံးကြွက်သား ရောင်ရမ်းတဲ့ ဘေးထွက် အာနိသင်မျိုး ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ ဒါကြောင့်လည်း အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်း လေ့လာ ဆန်းစစ်နိုင်ဖို့အတွက် FDAက အချိန်ပိုယူပြီး သုတေသနပြု စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်၊ ဇန်နဝါရီလကုန်လောက် ကျရင်တော့ လူငယ်တွေမှာ ဆေးထိုးပေးသင့်၊ မပေးသင့် ဆုံးဖြတ်ချက် ပီပီပြင်ပြင် ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။

ကုမ္ပဏီ အနေနဲ့ FDAရဲ့ ဆန်းစစ် ဆုံးဖြတ်ချက်တွေ ထိရောက် မှန်ကန်မှု ရှိစေဖို့ အကောင်းဆုံး ပူးပေါင်း ကူညီပေးနေတယ်လို့ Modernaက ကြေညာပါတယ်။ FDAက ပြန်လည် လေ့လာသုတေသနပြုနေချိန် အတောအတွင်း Moderna အနေနဲ့လည်း ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးပေးရေး လျှောက်ထား တောင်းဆိုမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေလတုန်းကတော့ Modernaဟာ သူတို့ရဲ့ ကာကွယ်ဆေးက အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ်တွေမှာ ထိုးနှံပေးဖို့ ၁၀၀ ရာခိုင်နှုန်း လုံခြုံ ဘေးကင်းတယ်လို့ ကြေညာဖူးပါတယ်။ Modernaနဲ့ အချိန် မရှေးမနှောင်း ထွက်ပေါ်လာတဲ့ Pfizerရဲ့ ကာကွယ်ဆေးကတော့ အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံခွင့် ရနေပြီဖြစ်ပြီး အခုဆိုရင် အသက် ၅ နှစ်အထက် အရွယ်တွေအတွက် အသုံးပြုနိုင်ဖို့ပါ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။