Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Modernaရဲ့ ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးနှံပေးရေးကိစ္စ အချိန်ပိုယူပြီး လေ့လာဖို့ FDA ဆုံးဖြတ်

ကုမ္ပဏီ အနေနဲ့ FDAရဲ့ ဆန်းစစ် ဆုံးဖြတ်ချက်တွေ ထိရောက် မှန်ကန်မှု ရှိစေဖို့ အကောင်းဆုံး ပူးပေါင်း ကူညီပေးနေတယ်လို့ Modernaက ကြေညာပါတယ်။ FDAက ပြန်လည် လေ့လာသုတေသနပြုနေချိန် အတောအတွင်း Moderna အနေနဲ့လည်း ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးပေးရေး လျှောက်ထား တောင်းဆိုမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

Moderna ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးနှံပေးဖို့ကိစ္စ ဆုံးဖြတ်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)က အချိန်ပိုယူဦးမယ်လို့ သိရပါတယ်။

Modernaက FDAဟာ ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေမှာ ထိုးနှံပေးရေး ခွင့်ပြုဖို့ ကိစ္စကို ပိုပြီး အချိန်ယူ သုံးသပ်ဦးမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာ ထိုးပေးဖို့ အတွက်တော့ FDAဆီကရော၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကပါ ထောက်ခံချက် ရထားပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လူငယ်တွေမှာ စမ်းသပ် ထိုးနှံပေးတဲ့ အခါမှာတော့ အရမ်းနည်းပါးတဲ့ အချိုးအစားလောက်မှာ နှလုံးကြွက်သား ရောင်ရမ်းတဲ့ ဘေးထွက် အာနိသင်မျိုး ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ ဒါကြောင့်လည်း အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်း လေ့လာ ဆန်းစစ်နိုင်ဖို့အတွက် FDAက အချိန်ပိုယူပြီး သုတေသနပြု စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်၊ ဇန်နဝါရီလကုန်လောက် ကျရင်တော့ လူငယ်တွေမှာ ဆေးထိုးပေးသင့်၊ မပေးသင့် ဆုံးဖြတ်ချက် ပီပီပြင်ပြင် ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။

ကုမ္ပဏီ အနေနဲ့ FDAရဲ့ ဆန်းစစ် ဆုံးဖြတ်ချက်တွေ ထိရောက် မှန်ကန်မှု ရှိစေဖို့ အကောင်းဆုံး ပူးပေါင်း ကူညီပေးနေတယ်လို့ Modernaက ကြေညာပါတယ်။ FDAက ပြန်လည် လေ့လာသုတေသနပြုနေချိန် အတောအတွင်း Moderna အနေနဲ့လည်း ကာကွယ်ဆေးကို လူငယ်တွေမှာ ထိုးပေးရေး လျှောက်ထား တောင်းဆိုမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေလတုန်းကတော့ Modernaဟာ သူတို့ရဲ့ ကာကွယ်ဆေးက အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ်တွေမှာ ထိုးနှံပေးဖို့ ၁၀၀ ရာခိုင်နှုန်း လုံခြုံ ဘေးကင်းတယ်လို့ ကြေညာဖူးပါတယ်။ Modernaနဲ့ အချိန် မရှေးမနှောင်း ထွက်ပေါ်လာတဲ့ Pfizerရဲ့ ကာကွယ်ဆေးကတော့ အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံခွင့် ရနေပြီဖြစ်ပြီး အခုဆိုရင် အသက် ၅ နှစ်အထက် အရွယ်တွေအတွက် အသုံးပြုနိုင်ဖို့ပါ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

သတင်း

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။