Connect with us

Hi, what are you looking for?

News

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်း လုံခြုံရေးတင်းကြပ်၊ စစ်ဘက်သုံးရဟတ်ယာဉ်နှစ်စီးဆင်း

Runger of Mandalay ၏သတင်းထုတ်ပြန်ချက်အရ လူငယ်များစီးနင်းလာသည့် ဆိုင်ကယ်များကို အဓိကထားစစ်ဆေးနေပြီး လုံခြုံရေးချထားသည့်ပုံစံကိုကြည့်ရသည်မှာ စစ်ကောင်စီတပ်မှ ရာထူးကြီးပုဂ္ဂိုလ်တစ်ဦး လာရောက်ဖွယ်ရှိကြောင်း မှန်းဆထားသည်။

(မန္တလေးမြို့သို့ ယနေ့(နိုဝင်ဘာ ၃ ရက်)နံနက်က ဆင်းသက်ခဲ့သော စစ်ဘက်သုံးရဟတ်ယာဉ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့တွင် ယနေ့(နိုဝင်ဘာ ၃ ရက်)နံနက်ပိုင်းမှစတင်၍ အဓိကလမ်းမကြီးများ၌ လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ (၇၃ )လမ်းမှနေ၍ မန်းတက္ကသိုလ်ရှေ့နားအထိ တစ်နေရာလျှင် နှစ်ဦးစီဖြင့် လုံခြုံရေးချထားသည်ဟု ဒေသခံများက ပြောသည်။

(မန္တလေးမြို့သို့ ယနေ့(နိုဝင်ဘာ ၃ ရက်)နံနက်က ဆင်းသက်ခဲ့သော စစ်ဘက်သုံးရဟတ်ယာဉ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

Runger of Mandalay ၏သတင်းထုတ်ပြန်ချက်အရ လူငယ်များစီးနင်းလာသည့် ဆိုင်ကယ်များကို အဓိကထားစစ်ဆေးနေပြီး လုံခြုံရေးချထားသည့်ပုံစံကိုကြည့်ရသည်မှာ စစ်ကောင်စီတပ်မှ ရာထူးကြီးပုဂ္ဂိုလ်တစ်ဦး လာရောက်ဖွယ်ရှိကြောင်း မှန်းဆထားသည်။

ထို့အပြင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်ကလည်း စစ်ဘက်သုံးရဟတ်ယာဉ်နှစ်စီး မန္တလေးမြို့သို့ ဆင်းသက်ခဲ့ပြီး လက်ရှိလုံခြုံရေးအခြေအနေများကြောင့် ပြည်သူများ အသွားအလာသတိပြုနေထိုင်ကြရန်လည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

Facebook