Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံ လက်အိတ်စက်ရုံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှု အချက်(၁၂)ချက် သဘောတူညီမှုရ

အဆိုပါ မြန်မာလုပ်သားများဆန္ဒပြတောင်းဆိုမှုကို MWRNအဖွဲ့အစည်းနှင့် ပူးပေါင်းဖြေရှင်းနေပေးကြောင်း ဘန်ကောက်မြို့ရှိမြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် ဟတ်ယိုင်နယ် မြေရှိ INNOVATIVE GLOVES CO, LTD လက် အိတ်စက်ရုံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုဖြစ်ရာ အချက် (၁၂)ချက် သဘောတူညီရရှိခဲ့ကြောင်း အဆိုပါလုပ်သားမျာယအရေးကူညီပေးနေသည့် MWRNအဖွဲ့က အသိပေးထားသည်။

မြန်မာလုပ်သားတစ်ဦးသေဆုံးမှုအပါအ၀င် ကိုဗစ် ကွာရန်တင်းစင်တာအဆင်ပြေမှုမရှိခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုကောင်းမွန်စွာမရရှိခြင်းနှင့် အလုပ်သမားအခွင့်အရေး အပြည့်အ၀မရရှိခြင်းတို့ကြောင့် ယနေ့(နိုဝင်ဘာ၄ရက်) နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့သည်။

မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကို MWRN (ဟတ်ယိုင်) ၊ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေး (ဆ၀ဒီကန်)အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ (SERC)၊ ပလပ်အန်ဖေကဆုံ မဟာထိုင် (ဟတ်ယိုင်) အဖွဲ့တို့ သွားရောက်ကူညီဖြေရှင်းပေးရာ လုပ်သားများတောင်းဆိုသည့် အချက် (၁၃) ချက်အနက်မှ (၁၂) ချက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

တောင်းဆိုသည့်အချက် (၁၃)ချက်မှာ အလုပ်သမားများ၏ကျန်းမာရေးအတွက် အရေးပေါ်ကား၂၄ နာရီနှင့် စကားပြန်ထားပေးရန်၊ စက်ရုံအတွင်း ကျန်းမာ ရေးအတွက် ဆရာဝန်( နပ်စ်မ )၂၄နာရီ ရှိအောင် ဆောင်ရွက်ပေးရန်၊ အလုပ်နားရက် အလုပ်ဆင်းခိုင်းပါက လုပ်အားခ နှစ်ဆပေးရန်၊ ယခင်က OT တစ်နာရီလျင် ၄၂ဘတ်သာပေး၍ ဥပဒေအတိုင်း OT ကြေး ဘတ် ၆၀ပေးရန်၊ စက်ရုံမှ သိမ်းထားသော စာရွက်စာတမ်းဖြစ်တဲ့ အလုပ်ပါမစ်နှင့် ဘဏ်စာအုပ်တို့ကို အလုပ်သမားများအားပေးရန်၊ စက်ရုံမှ ကိုဗစ်ကာလ လေးလပိုင်းကတည်းက အပြင်ထွက်ပြီးစျေးဝယ်ခွင့် ပိတ်ထားသဖြင့် စက်ရုံအပြင်ထွက်ပြီး စျေးဝယ်ခွင့်ပေးရန် နှင့် ကိုဗစ်ရောဂါပိုးတွေ့လူနာနှင့် ပိုးမတွေ့သူများ နေရာခွဲခြားပြီးထားပေးရန်တို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စက်ရုံကပေးသောအခန်းတွင် အရင်က အခန်းခ ဘတ် ၁,၀၀၀ ဖြတ်သောကြောင့် အခန်းခ မဖြတ်ရန်၊ အလုပ်ထွက်သောအခါ အိမ်ပြန်ထွက်စာကိုသာပေး၍ ထွက်စာကို အလုပ်သမားတောင်းသည့် အတိုင်း အမှန်အတိုင်းစက်ရုံမှ ထုတ်ပေးရန်၊ စက်ရုံတွင် အလုပ်သမားကိုယ်စားလှယ်မရှိသဖြင့် အလုပ် သမားကိုယ်ယ်စားလှယ်ထားရှိပေးရန်၊ စက်ရုံတွင်အရင်က ဆေးခွင့်စာရွက်ရှိသော်လည်း လုပ်အားခမထည့်ပေး၍ ဆေးခွင့်လုပ်အားခထည့်ပေးရန်၊ အလုပ် သမားနေခန်းတွင် ကြပ်တည်းသောကြောင့် တစ်ခန်းလျင် နှစ်ယောက်သာနေခွင့်ပေးရန်နှင့် စက်ရုံမန်နေဂျာကို အလုပ်သမားများမှ မကျေနပ်၍ မန်နေဂျာ အလုပ်မှ ထွက်သွားပေးရန်တို့ ဖြစ်သည်။

အဆိုပါ မြန်မာလုပ်သားများဆန္ဒပြတောင်းဆိုမှုကို MWRNအဖွဲ့အစည်းနှင့် ပူးပေါင်းဖြေရှင်းနေပေးကြောင်း ဘန်ကောက်မြို့ရှိမြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီး မကြာမီတွင် MWRNအဖွဲ့က ဖြေရှင်းထုတ်ပြန်ရာ ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာသံအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။