Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်ဆိုင်းရေး သဘောတူညီချက် မှန်သမျှကို ကာကွယ်မပေးရင် ပူတင်က ချိုးဖောက်လိမ့်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ် သတိပေး

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီမှု ရခဲ့ရင်တောင်မှ ဝိုင်းဝန်း မကာကွယ်ပေးဘူးဆိုရင် ရုရှားဟာ သေချာပေါက် အဲဒီ သဘောတူညီချက်ကို ချိုးဖောက်လိမ့်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က သတိပေး ပြောကြားခဲ့ပါတယ်။

Reuters

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီမှု ရခဲ့ရင်တောင်မှ ဝိုင်းဝန်း မကာကွယ်ပေးဘူးဆိုရင် ရုရှားဟာ သေချာပေါက် အဲဒီ သဘောတူညီချက်ကို ချိုးဖောက်လိမ့်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က သတိပေး ပြောကြားခဲ့ပါတယ်။

မတ်လ ၂၀ ရက်နေ့တုန်းက ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာဟာ လန်ဒန်မြို့မှာ စစ်ဘက် ထိပ်တန်း အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ အဲဒီလို ပြောဆိုခဲ့တာပါ။ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်ဆိုင်းစေမယ့် ဘယ်လို ကတိမျိုး၊ သဘောတူညီမှုမျိုး ရလာတာပဲဖြစ်ဖြစ် ဝိုင်းဝန်း အကာအကွယ် မပေးဘူးဆိုရင် နောင်တစ်ချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သေချာပေါက် ချိုးဖျက်ပစ်ပြီး ယူကရိန်းကို ထပ်ကျူးကျော်မှာ ဖြစ်တယ်လို့ စတာမာက ဆိုပါတယ်။

ယူကရိန်းနဲ့ ရုရှားကြားမှာ ရရှိလာမယ့် စစ်ရပ်ဆိုင်းရေး သဘောတူညီချက် တစ်ခုခုဟာ သေသေချာချာ ကူညီပံ့ပိုးပေးထားတဲ့ လုံခြုံရေး အစီအမံတွေ ရှိမှပဲ အဓွန့်ရှည် တည်မြဲလိမ့်မယ်လို့လည်း စတာမာက ပြောကြားသွားပါတယ်။

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးချိန်နောက်ပိုင်း ယူကရိန်းဆီ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေ ကူညီပို့ဆောင်ဖို့ ဆွေးနွေးနေတဲ့ နိုင်ငံပေါင်း ၂၀ ကျော်ရဲ့ ကိုယ်စားလှယ်တွေကိုလည်း စတာမာက လန်ဒန်မှာ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန် ကိုယ်တိုင်ကလည်း စစ်ပြီးကာလ ယူကရိန်းကို မြေပြင်တပ်တွေရော၊ တိုက်လေယာဉ်တွေပါ စေလွှတ်ပြီး အကာအကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းရဲ့ လုံခြုံရေးကို နိုင်ငံတကာက ဝိုင်းဝန်း အာမခံပေးကြတယ် ဆိုတာဟာ ရုရှားကသာ သဘောတူညီမှုတွေ ဖောက်ဖျက်ရင် အရမ်းပြင်းထန်တဲ့ တန်ပြန် သက်ရောက်မှုတွေ ရှိလာစေမယ် ဆိုတာကို သတိပေးတဲ့ အဓိပ္ပါယ်လည်း ဖြစ်လာမယ်လို့ စတာမာက ပြောပါတယ်။

ဗြိတိန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို ကူညီဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မူဝါဒရေးရာ သဘောတူညီမှုတွေ အရှိန်ကောင်းလာတာ မှန်ပေမယ့် စစ်ရေး တည်ဆောက်မှု လက်တွေ့ကျတဲ့ အဆင့်ကို အခုကတည်းက စတင် အကောင်အထည် ဖော်ဖို့ လိုနေပြီလို့လည်း ဗြိတိန် ဝန်ကြီးချုပ်က ထောက်ပြသွားခဲ့ပါတယ်။

စစ်ပွဲ ရပ်ဆိုင်းဖို့ သဘောတူညီမှု တစ်ခုခု ရခဲ့ရင်တောင် အကာအကွယ်ပေးမယ့် ကျောထောက်နောက်ခံ ရှိမနေရင် ပူတင်က လွယ်လွယ်လေး ချိုးဖောက်လာမယ် ဆိုတာကို အားလုံး သိထားသလို အဲဒီခြိမ်းခြောက်မှုက သိပ်အရေးကြီးကြောင်းလည်း စတာမာက ဆက်ပြီး ပြောကြားသွားပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားကို တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းမှုတွေ ရှိလာခြင်းနဲ့အတူ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးကို ဗြိတိန်နဲ့ ဥရောပက ပိုမို ကူညီ တာဝန်ယူပေးဖို့ ဖိအားတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။