Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်အပေါ် စိတ်ကုန်စ ပြုလာပြီး ဒေါသလည်း ထွက်လာနေပြီလို့ ထရမ့်ပြော

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် အတော်လေး စိတ်ကုန်စ ပြုလာသလို ဒေါသလည်း ထွက်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Chip Somodevilla/Getty Images)

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် အတော်လေး စိတ်ကုန်စ ပြုလာသလို ဒေါသလည်း ထွက်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ရပ်တည်မှု၊ ရာထူးနေရာ တရားဝင်မှုတွေကို ပူတင်က ဝေဖန်တိုက်ခိုက်နေတာတွေဟာ အလုပ်ဖြစ်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။ တကယ်လို့ သူဟာ ယူကရိန်းက သွေးချောင်းစီး ဖြစ်ရပ်တွေကို ရပ်တန့်စေဖို့ အဆင်မပြေဘူးလို့ ခံစားလာမိရင်၊ ပြီးတော့ အဲဒီ ကိစ္စဟာ ရုရှားကြောင့်လို့ သူက ယူဆရင် ရုရှားနိုင်ငံကနေ ထွက်သမျှ ရေနံအားလုံးကို အခွန်မြှင့်တင်တဲ့ နည်းလမ်းနဲ့ ဖိအားပေးသွားမယ်လို့ ထရမ့်က သတိပေးခဲ့ပါတယ်။

NBCနဲ့ အင်တာဗျူးမှာ ထရမ့်က အဲဒီလို အခွန်မြှင့်တင်ရာမှာ ရုရှားရဲ့ ရေနံကို ဝယ်ယူတင်သွင်းတဲ့ နိုင်ငံမှန်သမျှအပေါ် အမေရိကန်က သွင်းကုန် အခွန်ကောက်ခံမှု ၅၀ ရာခိုင်နှုန်း စည်းကြပ်သွားဖွယ် ရှိတယ်လို့ ခြိမ်းခြောက်သွားခဲ့ပါတယ်။

NBCနဲ့ ၁၀ မိနစ်ကြာ ဖုန်းပြောပြီး အင်တာဗျူး လုပ်ခဲ့တဲ့ အချိန်မှာ ထရမ့်က ပူတင်ဟာ ဇီလန်စကီးရဲ့ ယူကရိန်း သမ္မတ ရာထူးနေရာအပေါ် စပြီး မေးခွန်းထုတ်လာနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဒါဟာ လမ်းကြောင်းမှန် ချဉ်းကပ်မှု မဟုတ်ကြောင်း၊ ယူကရိန်းမှာသာ ခေါင်းဆောင်နေရာ ပြောင်းလဲသွားမယ် ဆိုရင် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုရနိုင်ဖို့ အချိန်အကြာကြီး ထပ်စောင့်ရနိုင်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထရမ့်ကိုယ်တိုင်ကတော့ စစ်ပွဲကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရပြီး ရွေးကောက်ပွဲတွေ မကျင်းပနိုင်သေးတဲ့ ယူကရိန်းမှာ သမ္မတ ရာထူး ဆက်ယူထားတဲ့ ဇီလန်စကီးကို အာဏာရှင် တစ်ဦးလို့ စွပ်စွဲ ပုတ်ခတ်ခဲ့ဖူးပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာခဲ့ပြီး ကတည်းက ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ ရုရှားနဲ့ ပိုပြီး နီးကပ်တဲ့ ဆွေးနွေးမှုတွေ အစပြုခဲ့ပါတယ်။ တစ်ဖက်မှာတော့ သူဟာ ဇီလန်စကီးနဲ့ လူသိရှင်ကြား ပဋိပက္ခတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် အမေရိကန်ရဲ့ ယူကရိန်း စစ်ပွဲဆိုင်ရာ မူဝါဒ အပြောင်းအလဲအပေါ် ယူကရိန်းရော၊ အနောက်မဟာမိတ် နိုင်ငံတွေပါ စိုးရိမ်ခဲ့ကြပါတယ်။

အခုလိုမျိုး ရုရှားအပေါ် စိတ်ပျက် ဒေါသထွက်ကြောင်း ထရမ့်က ထုတ်ပြောတာဟာ သူ့ရဲ့ လက်ရှိ သမ္မတ သက်တမ်းအတွင်း ရုရှားနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်မှု တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။