Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူသာ ဘရာဇီးရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်လို့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ဘော်လ်ဆိုနာရိုပြော

သူသာလျှင် ဘရာဇီးရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီးတဲ့နောက် အမေရိကန်ကို ထွက်ပြေးသွားတဲ့ ဖလာဗီယို ဘော်လ်ဆိုနာရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

သူသာလျှင် ဘရာဇီးရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီးတဲ့နောက် အမေရိကန်ကို ထွက်ပြေးသွားတဲ့ ဖလာဗီယို ဘော်လ်ဆိုနာရိုက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့တုန်းက သူ့ရဲ့ ထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲနောက်ပိုင်း ဘော်လ်ဆိုနာရိုဆီကနေ ထွက်ပေါ်လာတဲ့ ပထမဆုံး မှတ်ချက်စကား ဖြစ်ပါတယ်။ လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို ကပ်ပြီး အရေးနိမ့်ခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ အဂတိမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်နေရသူဖြစ်ပြီး ရွေးကောက်ပွဲ ပြီးပြီးချင်း ပြည်ပကို ထွက်ခွာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဘရာဇီး တရားရုံးက သူ့ရဲ့ နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့တ်)ကို သိမ်းယူထားဖို့ ဘရာဇီး ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းမှာ ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို ရောက်ရှိသွားပြီး အဲဒီနောက် ဘရာဇီးက သူ့ရဲ့ ပတ်စ်ပို့တ်ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုနဲ့ သူ့ရဲ့ဖခင် ဘရာဇီး သမ္မဟောင်း ဂျဲရ်ဘော်လ်ဆိုနာရိုတို့ နှစ်ဦးစလုံးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖလော်ရီဒါကို ရောက်ရှိနေတဲ့ ဘော်လ်ဆိုနာရိုက အောက်တိုဘာ ၂၅ ရက်နေ့ ရွေးကောက်ပွဲမှာ တကယ်တမ်း အနိုင်ရခဲ့တာက သူသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘော်လ်ဆိုနာရိုက သူကသာ ရွေးကောက်ခံ သမ္မတ အစစ်အမှန် ဖြစ်ကြောင်း၊ ဒါပေမဲ့ အာဏာရှင် တစ်ယောက်က ထူထောင်ထားတဲ့ ရာဇဝတ် ဂိုဏ်းကြီးနဲ့ ဆက်စပ်နေတဲ့ မသမာသူတွေက ရွေးကောက်ပွဲ ရလဒ်ကို ခိုးယူခဲ့ကြောင်း ဘော်လ်ဆိုနာရိုက ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့လည်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲ ရေးသားထားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဘော်လ်ဆိုနာရိုက သူဟာ အမေရိကန်မှာ အခြေချရင်း ဘရာဇီး အတိုက်အခံ နိုင်ငံရေး အင်အားစုကို ဦးဆောင်သွားမယ်လို့လည်း နောက်ထပ် ပို့စ်တစ်ခုမှာ ကြေညာထားပါတယ်။

ထရမ့်ဟာ ဘရာဇီး ရွေးကောက်ပွဲမှာ ဘော်လ်ဆိုနာရိုကို အတိအလင်း ထောက်ခံအားပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီး လူလာ အနိုင်ရသွားတဲ့နောက် ထရမ့်က ဘရာဇီး ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိနိုင်ကြောင်း အထောက်အထား တိတိကျကျ မရှိဘဲ စွပ်စွဲခဲ့ပါသေးတယ်။ အောက်တိုဘာ ၂၈ ရက်မှာတော့ ထရမ့်က ဘရာဇီး ရွေးကောက်ပွဲ ရလဒ်ဟာ ထူးဆန်းနေတယ်လို့ ခံစားမိနေဆဲဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပေမယ့် ဘော်လ်ဆိုနာရိုရဲ့ သူသာ ဘရာဇီး သမ္မတဖြစ်တယ်ဆိုတဲ့ စကားနဲ့ ပတ်သက်လို့တော့ သီးခြားမှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။

ဘော်လ်ဆိုနာရို၊ သူ့ဇနီးနဲ့ သမီးတွေက ဘရာဇီးကို ဘယ်လိုလမ်းကြောင်းကနေ ရောက်လာသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေကတော့ ဘော်လ်ဆိုနာရိုတို့ မိသားစုရဲ့ ပြည်ဝင်ခွင့်ကို ခွင့်ပြုပေးဖို့ သမ္မတ ထရမ့်ကိုယ်တိုင် ညွှန်ကြားခဲ့ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ သားဖြစ်သူက သမ္မတနေရာအတွက် ရွေးကောက်ပွဲ ဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။