Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စားအုန်းဆီပေပါ အလုံး ၅၀ပါယာဉ်ကို Southern YSO PDF သိမ်းဆည်း

စစ်ကောင်စီ၏ ရိက္ခာစားအုန်းဆီပေပါ အလုံး ၅၀ တင်ဆောင်လာသည့် ယာဉ်ကို သိမ်းဆည်းရရှိကြောင်း Southern YSO PDFမှ တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ စားအုန်းဆီပေပါများ တင်ဆောင်လာသော ယာဉ်အား သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Southern YSO PDF

‌ဧပြီ ၅၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ရိက္ခာစားအုန်းဆီပေပါ အလုံး ၅၀ တင်ဆောင်လာသည့် ယာဉ်ကို သိမ်းဆည်းရရှိကြောင်း Southern YSO PDFမှ တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းပိုင်း၌ စစ်ကောင်စီက အရပ်သားကားအသုံးပြုတင်ဆောင်လာသည့် စားအုန်းဆီ ပေပါ ၅၀ပါ ယာဉ်ကို ဧပြီ ၁ ရက်က သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း Southern YSO PDFမှ အသိပေးသည်။

ရေစကြိုမြို့ကို ဆီရောင်းချခွင့်၊သယ်ယူခွင့်များ ပိတ်ပင်ထားသည့် စစ်ကောင်စီသည် စားသုံးဆီစျေးကွက်ကို လက်ဝါးကြီးအုပ်ကာ ဈေးကွက်တစ်ခု ရယူထားကြောင်းလည်း Southern YSO PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သက်သာချောင်ချိရေးခေါင်းစဉ်တပ်ကာ စားဆီဝယ်ယူခွင့်ကဒ်များထုတ်ပေးပြီး ပြည်သူအချို့ကို တစ်အိမ် တစ်ပိဿာနှုန်းသာ ရောင်းချပေးသည်ဟု သိရသည်။

စားအုန်းဆီသယ်ယူရာတွင်လည်း မြို့ပေါ်ရှိ လုပ်ငန်းရှင်အချို့၏ အမည်အသုံးချပြီး သယ်ဆောင်လာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီး စားအုံးဆီသယ်ဆောင်တိုင်း ယာဉ်အမှတ် 6C/3864 FORLAND ခြောက်ဘီးကားဖြင့် အမြဲသယ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ခွဲတမ်းဆီများကို ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ပြီး စစ်ကောင်စီ၏ ရိက္ခာဆန်များကိုလည်း ပခုက္ကူမှ ရေစကြိုမြို့သို့ အမြဲတမ်းသယ်ဆောင်ပေးခဲ့သော ကားဖြစ်ကာ အဆိုပါကားကို အချိန် ၂လခန့် စောင့်ကြည့်လေ့လာခဲ့ပြီးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း အသိပေးသည်။

“ခွဲတမ်းဆီဆိုပြီး သယ်တယ်။လုပ်ငန်းရှင် နေအိမ်မှာချတယ်။ညကျ ဘေးတွဲနဲ့ ရုံးပေါင်းစုံကို ခိုးပို့တယ်။လုပ်ငန်းရှင်များလည်း အခြေအနေကို ပြင်ဆင်သင့်နေပါပြီ”ဟု ကိုအောင်မောင်းက စစ်ကောင်စီ၏ ရေစကြိုမြို့တွင် စားသုံးဆီစျေးကွက်ချုပ်ကိုင်မှုကို ရှင်းပြသည်။

စားအုန်းဆီ ပိဿာ ၅,၅၀၀ပါရှိသည့် ပေပါအလုံး ၅၀နှင့် ဖော်လန်ခြောက်ဘီးကားကို တော်လှန်ရေးလုပ်ငန်းစဉ် အသုံးပြုရန်သိမ်းဆည်းမည်ဖြစ်ပြီး ဒရိုင်ဘာနှင့် ယာဥ်နောက်လိုက်ကိုမူ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အထူးလှုပ်ရှားတိုက်ခိုက်ရေး ရဲဘော်တွေနဲ့ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့သူတွေ သင်တန်းဆင်း ပြီလို့ SOUTHERN YSO PDFတပ်ဖွဲ့ က ဒီကနေ့(ဇန်နဝါရီ ၂၇ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိနာကာ တိုက်ပွဲအတွင်းအလံဖြူထောင်၍ တော်လှန်ရေးရဲဘော်များထံထွက်ပြေးလာသော စစ်သားအချို့ကို စစ်ကောင်စီတပ်က အချင်းချင်းပြန်ပစ်သတ်ခဲ့ကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက ပြောသည်။