Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂွာတီမာလာ ထောင်ဆူမှုမှာ အကျဉ်းသား ၅ ဦး ခေါင်းဖြတ် အသတ်ခံရ

ဂွာတီမာလာ နိုင်ငံက အကျဉ်းထောင် တစ်ခုမှာ ရာဇဝတ် ဂိုဏ်းအချင်းချင်း တိုက်ခိုက်ရာကနေ အကျဉ်းသား ၅ ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။

ကွက်ဇယ်လ်တန်နန်ဂိုက အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပြိုင်ဘက် ဂိုဏ်းနှစ်ခုက ဂိုဏ်းသားတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ ဆူပူ အုံကြွမှုတွေ ဖြစ်ခဲ့တဲ့နောက် အကျဉ်းသား ၇ ဦးသေဆုံးကြောင်း၊ ၅ ဦးက ခေါင်းဖြတ် သတ်ခံရတာဖြစ်ကြောင်း အမည်ဖော်မပြတဲ့ ရဲအရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။

ဂွာတီမာလာ စီးတီး မြို့တော်ကနေ ကီလိုမီတာ ၂၀၀ လောက် အကွာအဝေးမှာ တည်ရှိတဲ့ အကျဉ်းထောင်ဟာ လူ ၅၀၀ လောက်သာ ဝင်ဆံ့ဖို့ တည်ဆောက်ထားပေမယ့် လက်ရှိမှာ လူပေါင်း ၂၀၀၀ ကျော်ကို စုပြုံ ထိန်းသိမ်းထားပါတယ်။

ထောင်အာဏာပိုင်တွေက အကြောင်းကြား အကူအညီ တောင်းခံခဲ့တဲ့နောက် ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက် ထောင်ကို သွားရောက်ပြီး လုံခြုံရေး စောင့်ကြပ်ပေးခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။

ကနဦး သိရှိထားတာကတော့ ရာဇဝတ် ဂိုဏ်းဝင် တစ်ဦးရဲ့ ဇနီး သတ်ဖြတ်ခံရမှုကို အကြောင်းပြုပြီး ပြဿနာ စတင်ခဲ့တာလို့ သိရပါတယ်။ ဂွာတီမာလာမှာ ရန်လို အကြမ်းဖက်မှုတွေကြောင့် တစ်နှစ်ကို လူပေါင်း ၃၅၀၀ ဝန်းကျင်လောက် သေဆုံးလေ့ရှိပြီး ထက်ဝက်လောက်က ရာဇဝတ် ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နာရေးအစီအစဉ် တစ်ခုမှာ ခေါင်းတလားထဲက အလောင်းက ပြန်ထလာတယ် ဆိုတာဟာ စိတ်ကူးယဉ် ထိတ်လန့်သည်းဖို ရုပ်ရှင်တွေထဲက မြင်ကွင်းမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂွာတီမာလာ နိုင်ငံမှာ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ဟာ တကယ်ပဲ သူ့ရဲ့ နာရေးမှာ အခေါင်းထဲကနေ...

သတင်း

သင်္ဘောမီးလောင်ရင် မီးငြှိမ်းဖို့ အကျဉ်းသားတွေကို ခိုင်းစေ၊ တိုက်ခိုက်ခံရလို့ သင်္ဘောမြုပ်စဉ် သေဆုံး တဲ့ အကျဉ်းသားများလည်းရှိ