Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ထောင်ဒဏ် ၇၅ နှစ်ချ

မဲမသမာမှုရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့။ ရှင်နဲ့ ကျွန်မ စင်ပေါ်တက်ပြီး ပြည်သူ့ဆန္ဒပေါ်တင်ရွေးချယ်ခံရအောင်၊ ကျွန်မက အရွေးခံရဲတယ်။ အချိန်မရေးပဲ” လို့ အာဏာသိမ်းချိန်လာဖမ်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်ထိချမှတ်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၉ ရက် မနက် ဘားအံအကျဥ်းထောင်တရားရုံးမှာ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကိုလည်း ထောင်ဒဏ် ၉၀ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

အဂတိပုဒ်မ ၅၅ နဲ့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကို စုစုပေါင်း အမှု ၇ မှုနဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အသက် ၆၇ နှစ် အရွယ်ရှိပြီဖြစ်ပြီး ဝန်ကြီး ဦးသန်းနိုင်ကတော့ ၆၅ နှစ်ရှိပြီဖြစ်ကာ ဘားအံအကျဥ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။

မဲမသမာမှုရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့။ ရှင်နဲ့ ကျွန်မ စင်ပေါ်တက်ပြီး ပြည်သူ့ဆန္ဒပေါ်တင်ရွေးချယ်ခံရအောင်၊ ကျွန်မက အရွေးခံရဲတယ်။ အချိန်မရေးပဲ” လို့ အာဏာသိမ်းချိန်လာဖမ်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

Facebook