Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုဖို့ တရားရုံးလက်ခံ

တရားသူကြီးကဒေါက်တာဇော်မြင့်မောင်ကို တရားရုံးကိုခေါ်ဖို့ အခက်အခဲရှိပေမယ့် သက်သေအဖြစ် တင်သွင်းတဲ့စာရင်းကိုလက်ခံလိုက်တယ်လို့သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို မဲဆွယ်ယာဉ်တန်းထွက်နှုတ်ဆက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက စွဲဆိုထားတဲ့ အမှု မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုသက်သေအဖြစ် တင်သွင်းတာ တရားရုံးကလက်ခံလိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုဖို့ ရှေ့နေအဖွဲ့က ဒီနေ့မှာ တင်သွင်းလိုက်တာပါ။

တရားသူကြီးကဒေါက်တာဇော်မြင့်မောင်ကို တရားရုံးကိုခေါ်ဖို့ အခက်အခဲရှိပေမယ့် သက်သေအဖြစ် တင်သွင်းတဲ့စာရင်းကိုလက်ခံလိုက်တယ်လို့သိရပါတယ်။

ရွေးကောက်ပွဲအကြိုကာလက NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည် ထွက်နှုတ်ဆက်တာကို စစ်ကောင်စီ က ကိုဗစ်စည်းမျည်းမလိုက်နာဘူးဆိုကာ အာဏာသိမ်းပြီးနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့တရားစွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုမယ့် ဒေါက်တာဇော်မြင့်မောင်ကိုစစ်ကောင်စီဟာ မန္တလေးထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။