Connect with us

Hi, what are you looking for?

သတင်း

အိုးထိမ်းကွင်းရွာ​စာသင်ကျောင်းဗုံးကြဲမှု ဆရာမနှင့် ကျောင်းသားကလေးငယ် ၁၅ဦးရုပ်အလောင်း ရှာတွေ့ထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အဖြူရောင် D.P.Y

▪️ဒဏ်ရာရသူများလွန်း၍ ရေတွက်မရသေးဟု ဒီပဲယင်း အဖြူရောင်ပကဖ ပြော

​မေ-၁၂၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

“ဆရာမက တစ်ယောက်တည်းဗျ။ ကျန်တာက ကလေးတွေ။ ဒဏ်ရာရသူတွေက တော်တော်များပါတယ်။ အရေအတွက်ကို တွေက်လို့မရပါဘူး”ဟု ၎င်းက ယနေ့(မေ ၁၂ရက်) နေ့လည် ၃နာရီခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(​မေ-၁၂) နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျောင်းကို တည့်တည့်ပစ်သွားတာ။အလယ်တန်းကျောင်းဆိုတော့ ထိခိုက်မှုအရမ်းများတယ်။ က

လေးတွေရော၊ ဆရာမတွေရော။ ပဇီကြီးလိုပဲဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်သေဆုံးမှုများပြားပြီး စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း​​ တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။​

ဒေသခံများသည် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်စဥ် နောက်ထပ်လေကြောင်းအန္တရာယ်ကိုလည်းစိုးရိမ်နေကြရသည်ဟု ​ဒေသခံအချို့က ​ပြောသည်။

အဆိုပါစာသင်​ကျောင်းသည် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG ) ၊ပညာ​ရေးဝန်ကြီးဌာန၏ကြား

ကာလပညာ​ရေး စနစ်ဖြင့် ​​ဒေသခံကျောင်းသား၊​ကျောင်းသူများကိုပညာသင်ကြား​ပေး​နေ​သော​ကျောင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook