Connect with us

Hi, what are you looking for?

News

လက်နက်နှင့်အတူ CDM ဝင်လာသည့်စစ်ကောင်စီတပ်သားတစ်ဦးကိုကျပ်သိန်း ၃၀ပေးအပ်ခဲ့ဟု KGZ ထုတ်ပြန်

KGZ Army အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ၌ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအား ကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း Karenni Generation Z Army (KGZ Army)က ယ​နေ့ထုတ်ပြန်သည်။

စစ်အာဏာရှင်မှ ပြည်သူများအပေါ် ရက်စက်ယုတ်မာမူများကိုလက်မခံနိုင်ပဲ ပြည်သူ့ဘက်မှရဲဝံ့စွာရပ် တည်၍ လက်နက်ခဲယမ်းဖြင့် CDMဝင်လာသော စစ်ကောင်စီတပ်သားတစ်ဦးကို ဝမ်းမြောက်ဂုဏ်ယူစွာ လက်ခံကြိုဆိုပြီး ချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းထြစ်ကြောင်း ထုတ်ပြန်ကာ ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

KGZ Army အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ၌ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအား ကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။

KGZ Armyသည် လက်တလော ဖယ်ခုံမြို့နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။