Connect with us

Hi, what are you looking for?

LuduNwayOo

News

လက်နက်နှင့်အတူ CDM ဝင်လာသည့်စစ်ကောင်စီတပ်သားတစ်ဦးကိုကျပ်သိန်း ၃၀ပေးအပ်ခဲ့ဟု KGZ ထုတ်ပြန်

KGZ Army အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ၌ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအား ကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း Karenni Generation Z Army (KGZ Army)က ယ​နေ့ထုတ်ပြန်သည်။

စစ်အာဏာရှင်မှ ပြည်သူများအပေါ် ရက်စက်ယုတ်မာမူများကိုလက်မခံနိုင်ပဲ ပြည်သူ့ဘက်မှရဲဝံ့စွာရပ် တည်၍ လက်နက်ခဲယမ်းဖြင့် CDMဝင်လာသော စစ်ကောင်စီတပ်သားတစ်ဦးကို ဝမ်းမြောက်ဂုဏ်ယူစွာ လက်ခံကြိုဆိုပြီး ချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းထြစ်ကြောင်း ထုတ်ပြန်ကာ ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

KGZ Army အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ၌ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအား ကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။

KGZ Armyသည် လက်တလော ဖယ်ခုံမြို့နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။