Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဆီ ဦးတည်ချိန် ဂရက်တာ တွန်းဘာ့ဂ်ကို အစ္စရေး စစ်တပ် ကြားဖြတ်ဖမ်းဆီး

လူသိများတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ မိန်းကလေး ဂရက်တာ တွန်းဘာ့ဂ်ဟာ ဂါဇာ ကမ်းမြှောင်ဒေသဆီ သွားရောက်ဖို့ ဦးတည်နေချိန်မှာ အစ္စရေး စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။

AP

လူသိများတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ မိန်းကလေး ဂရက်တာ တွန်းဘာ့ဂ်ဟာ ဂါဇာ ကမ်းမြှောင်ဒေသဆီ သွားရောက်ဖို့ ဦးတည်နေချိန်မှာ အစ္စရေး စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ ဂရက်တာဟာ တခြား တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဂါဇာဆီ ဦးတည်နေတဲ့ ထောက်ပံ့ရေး ရေယာဉ်အုပ်ပေါ် လိုက်ပါလာချိန် နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အစ္စရေး စစ်တပ်က သူတို့ကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၉ ရက် မနက်ပိုင်းမှာ အစ္စရေး စစ်သားတွေဟာ ဂရက်တာ ပါလာတဲ့ သင်္ဘောပေါ် တက်လာပြီး သူရော၊ တခြား အဖွဲ့သားတွေကိုပါ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးက ဂါဇာမှာ စစ်ဆင်ရေးတွေ ဆင်နွှဲနေချိန်အတွင်း အဲဒီပါလက်စတိုင်း နယ်မြေကို တင်းတင်းကျပ်ကျပ် ဝန်းရံပိတ်ဆို့ထားပါတယ်။ ဂရက်တာ လွတ်မြောက်ရေး ပူးပေါင်းရေယာဉ် အဖွဲ့(FFC)နဲ့အတူ ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ဆောင်ပြီး ဂါဇာကို ဦးတည်နေတဲ့အချိန် အစ္စရေး တပ်တွေရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဂရက်တာ လိုက်ပါသွားတဲ့ ထောက်ပံ့ရေး ခရီးစဉ်ကို FFCက စီစဉ်ပေးခဲ့တာပါ။ FFCက ရေယာဉ်အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ လူသားချင်း စာနာမှု အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေကို ကူညီပေးဖို့ တစ်ခုတည်းသာ ဖြစ်ပေမယ့် အစ္စရေးဖက်က ပြန်ပေးဆွဲပြီး တုံ့ပြန်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

အစ္စရေး စစ်တပ်ဟာ သင်္ဘောပေါ်ကို တရားလက်မဲ့ တက်ရောက်ခဲ့ပြီး အရပ်သား ရေယာဉ် အမှုထမ်းတွေကို ဖမ်းဆီးခဲ့သလို လူ့အသက်ပေါင်း များစွာကို ကူညီ ကယ်တင်နိုင်မယ့် ကလေးနို့မှုန့်တွေ၊ ရိက္ခာတွေ၊ ဆေးဝါးတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေကို သိမ်းဆည်းသွားခဲ့တယ်လို့ FFCက ထုတ်ပြန်ခဲ့ပါတယ်။

ဂရက်တာ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၂ ဦးဟာ Madleenဆိုတဲ့ သင်္ဘောပေါ်မှာ လိုက်ပါပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်က အီတလီနိုင်ငံ၊ ဆစ္စလီကျွန်းကနေ ဂါဇာကို စတင် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရေယာဉ်ဟာ လစ်ဗျား အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းရင်း ထွက်ပြေးလာတဲ့ ရွှေ့ပြောင်း အခြေချသူ ၄ ဦးကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကြားဖြတ် ကယ်ဆယ်လာခဲ့ပါတယ်။

ဂရက်တာဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေကိုပါ စိန်ခေါ် မေးခွန်းထုတ်ရင်း လူသိများ ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်တုန်းက နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် နာမည်စာရင်း တင်သွင်းတာလည်း ခံခဲ့ရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

သတင်း

နယူးဂါဇာလို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ် ဂါဇာ ပြန်လည်ထူထောင်ရေး တည်ဆောက်မှုတွေအတွက် လျာထား ပရောဂျက်ကို အမေရိကန်က ထုတ်ပြန် ပြသလိုက်ပါတယ်။

နိုင်ငံတကာ

သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးကို အစ္စရေးစစ်သားတွေက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။