Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဂါဇာအရေး အဆိုပြုချက် ၁၅ ချက်ကို အစ္စရေးပယ်ချ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ထရမ့်ရဲ့ အနီးကပ်ဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အခုလို ပယ်ချခဲ့တာဖြစ်ပြီး ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက လက်နက်ဖြုတ်ယူ သိမ်းဆည်းမှုတွေ အမှန်တကယ် အထမမြောက်မချင်း အစ္စရေးတပ်တွေကို ဂါဇာကနေ ရုပ်သိမ်းစေမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသရဲ့ အခြေအနေတွေကို ကိုင်တွယ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရမ့်ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အင်အားစုသစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BoP)က ဂါဇာအခြေစိုက် ဟားမားစ်နဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဆီက လက်နက် ဖြုတ်သိမ်းရေး သဘောတူညီမှု ရရှိပြီလို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဟားမားစ်တွေကတော့ အဖွဲ့ပိုင် လက်နက်ကြီးတွေ အားလုံးကို လွှဲပြောင်းပေးဖို့ ဆိုတာကတော့ ဂါဇာမှာရှိတဲ့ အစ္စရေးတပ်တွေ ရုပ်သိမ်းပြီး ရန်လိုတိုက်ခိုက်မှုတွေ အကုန်လုံး အဆုံးသတ်မသတ်အပေါ် မူတည်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဂါဇာနဲ့ အစ္စရေးတို့ကြား အပစ်ရပ် သဘောတူညီမှု ရရှိပြီး ၂ နှစ်လောက်ကြာတဲ့ စစ်ပွဲကို ရပ်တန့်ထားပေမယ့်လည်း အစ္စရေးဟာ ဒေသတွင်းမှာ စစ်ဆင်ရေးတွေ အခါအားလျော်စွာ ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။

ဩဂုတ် ၉ ရက်နေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာတော့ နေတန်ညာဟုက အစ္စရေးဟာ ဂါဇာကိစ္စအတွက် အချက် ၁၅ ချက်ပါတဲ့ စာရွက်စာတမ်းတွေကို ငြင်းပယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေဆီက လက်နက်ဖြုတ်ယူ သိမ်းဆည်းမှုတွေ စစ်စစ်မှန်မှန် ခိုင်ခိုင်မာမာ မရှိမချင်း လုံးဝ ရုပ်သိမ်းမှာ မဟုတ်သလို တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ပြည်သူတွေအပေါ် ခြိမ်းခြောက်လာမှု မှန်သမျှကိုလည်း ဆက်လက် တွန်းလှန်သွားမယ်လို့ နေတန်ညာဟုက အတည်ပြုခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဟားမားစ် အရာရှိ တစ်ဦးက သူ့ရဲ့အဖွဲ့ဟာ အဲဒီ ၁၅ ချက်ပါ ဆွေးနွေးမှုတွေကို သဘောတူ လက်ခံထားပြီး အလေးအနက်နဲ့ တာဝန်ယူမှုရှိရှိ အကောင်အထည် ဖော်သွားဖို့ အသင့်ပြင်ထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သဘောတူညီမှုတွေအတွက် တာဝန်ရှိတဲ့ အစုအဖွဲ့ အားလုံးကလည်း တာဝန်ကျေကျေ အကောင်အထည် ဖော်ဖို့တော့ လိုလိမ့်မယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးဖက်က အတိအလင်း ငြင်းဆိုမှုကြောင့် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအမံတွေက မျှော်လင့်ထားသလို ခရီးမပေါက်မှန်း မြင်သာလာစေပါတယ်။ နေတန်ညာဟုရဲ့ ငြင်းဆန်မှုဟာ ကြိုမမျှော်လင့်ထားတဲ့ ကိစ္စမျိုး မဟုတ်ပေမယ့် ရက်အတော်ကြာ အချိန်ယူပြီးတော့မှ အခုလို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်တွေရဲ့ လက်နက်စွန့်မှုကို အတိအကျ အာမခံချက် မရှိတဲ့ ထရမ့်ရဲ့ အစီအမံအပေါ် နေတန်ညာဟု အနေနဲ့ မပျော်ရွှင်နိုင်တာ ထင်ရှားပေမယ့် သူ့ရဲ့ မဟာမိတ်ကို စိတ်ပျက်သွားစေမှာကိုလည်း တွေးပူနေခဲ့ဟန်ရှိကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ဩဂုတ် ၉ ရက်မှာတော့ နေတန်ညာဟုက ဂါဇာက အစ္စရေးတပ်တွေ မရုပ်သိမ်းခင်မှာ ဟားမားစ်ဟာ အရင်ဆုံး လက်နက် ဖြုတ်သိမ်းခံရဖို့ လိုကြောင်း၊ ဒါ့အပြင် စိတ်ကူးယဉ်ဆန်ဆန်၊ သီအိုရီဆန်ဆန် လက်နက်ဖျက်သိမ်းတာတွေ မဟုတ်ဘဲ လက်တွေ့ အစစ်အမှန်ဖြစ်ဖို့လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်ရဲ့ အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီးတဲ့ အချိန်မှာ နေတန်ညာဟုက ဘယ်လိုဘယ်ပုံ ရှေ့ဆက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဖက်မှာ တခြား စဉ်းစားထားတွေလည်း ရှိပြီး အဲဒီထဲက တချို့ဟာ အစ္စရေးအတွက် လက်ခံနိုင်ကြောင်း၊ တချို့ကိုတော့ လက်ခံလို့ မရကြောင်း၊ ဒီကိစ္စတွေမှာ ဘယ်လိုဘယ်ပုံ စဉ်းစား ရပ်တည်သင့်သလဲ ဆိုတာကို အစ္စရေး အနေနဲ့ ကောင်းကောင်း သဘောပေါက်ထားကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။