Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့အနီးငလျင်လှုပ်

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ဇွန်-၉၊၂၀၂၅။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ်ပြီး​ဇောက်နက်ငလျင်ဖြစ်သည်။ ​ဇောက်နက်လျှင် ​မြေငလျင်ဖျက်အား​လျော့နည်းပြီး ​ဇောက်တိမ်လျင်ဖျက်အားပိုကြီးသည်။သံတွဲမြို့နယ်ဆက်စပ်နေသော ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှာမြို့နယ်အချို့တွင်လည်း ခံစားလိုက်ရကြောင်းသတင်းရရှိသည်။

“တစ်ချက်တည်း လှုပ်သွားတာ။ တော်တော်လေးသိသာတယ်။ ထိခိုက်ပျက်စီးမှု‌တော့မရှိနိုင်ဘူး”ဟု ပြည်မြို့ကတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်သည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဟုအမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)ကလည်းထုတ်ပြန်ထားသည်။

သံတွဲနှင့် မြန်အောင်မြို့သည် ရခိုင်ရိုးမခြားလျက် ဆက်စပ်သည်ရှိသည်။ ယခုရက်ပိုင်း၌ ရစ်ခ်တာစကေး ၄မှ၅ကြားငလျင်အချို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့်ပဲခူးတိုင်းအတွင်း ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအများအပြားတွင် နောက်ဆက်တွဲငလျင်များလှုပ်ရှားနေသည်။ငလျင်များ မကြာခဏလှုပ်ရှားနေခြင်းနှင့် သိသိသာသာအင်အားပြင်းထန်လာ၍ စိုးရိမ်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။