Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့အနီးငလျင်လှုပ်

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ဇွန်-၉၊၂၀၂၅။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ်ပြီး​ဇောက်နက်ငလျင်ဖြစ်သည်။ ​ဇောက်နက်လျှင် ​မြေငလျင်ဖျက်အား​လျော့နည်းပြီး ​ဇောက်တိမ်လျင်ဖျက်အားပိုကြီးသည်။သံတွဲမြို့နယ်ဆက်စပ်နေသော ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှာမြို့နယ်အချို့တွင်လည်း ခံစားလိုက်ရကြောင်းသတင်းရရှိသည်။

“တစ်ချက်တည်း လှုပ်သွားတာ။ တော်တော်လေးသိသာတယ်။ ထိခိုက်ပျက်စီးမှု‌တော့မရှိနိုင်ဘူး”ဟု ပြည်မြို့ကတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်သည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဟုအမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)ကလည်းထုတ်ပြန်ထားသည်။

သံတွဲနှင့် မြန်အောင်မြို့သည် ရခိုင်ရိုးမခြားလျက် ဆက်စပ်သည်ရှိသည်။ ယခုရက်ပိုင်း၌ ရစ်ခ်တာစကေး ၄မှ၅ကြားငလျင်အချို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့်ပဲခူးတိုင်းအတွင်း ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအများအပြားတွင် နောက်ဆက်တွဲငလျင်များလှုပ်ရှားနေသည်။ငလျင်များ မကြာခဏလှုပ်ရှားနေခြင်းနှင့် သိသိသာသာအင်အားပြင်းထန်လာ၍ စိုးရိမ်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေးတဝိုက် ဒီ​နေ့မနက်အ​စောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။

Facebook