Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်း နဲ့ ပန်းသပိတ်မှာပါဝင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၅၊၂၀၂၅။ သုည/People’s Spring

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနများရှိ စစ်သည် စစ်မေတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် “Happy birthday အမေစု” စာသားနဲ့ နှင်းဆီပန်းတွေ ပန်ဆင်ကာ ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ကာ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ်ပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါသပိတ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ သပိတ်ထွက်ရှိခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွှေ့ဗန့်ဂျီ ရွာပေါင်းစုံ သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်နဲ့ အပြာရောင်လက်ပတ်ကမ်ပိန်းလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နှိုးဆော်စာတွေ ဖြန့်ဝေခဲ့ပါတယ်။

ဆားလင်းမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေသခံလူထုက နှင်းဆီပန်းတွေပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားအကျဉ်းချခံ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ရွှေဘိုမြို့နယ်နဲ့ ကလေးမြို့နယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့ ပန်းသပိတ်မှာ ပါဝင်ရေး လှုံ့ဆော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – မန္တ​လေးPDF ၊စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊GSCB

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။