Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက် စစ်ကောင်စီတပ်က အရပ်သားများကို သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာသုံးလာ

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

ဖားကန့် ၌ စစ်​ကြောင်းထိုး​နေသည့် စစ်​တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်း။ဓါတ်ပုံ-The Kachin Net

ဇွန်-၁၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းမရှိသည့်နေရာတွင် အရပ်သားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံထားရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၅)အနီး၌ အမျိုးသားတစ်ဦး၊ ဒေသအခေါ် နားခိုရာနေရာနှင့် အောင်ရာကျေးရွာ၌ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“၃ယောက်မှာ ၂ယောက်က သေသွားပြီ။ ဆေးသမားတွေကို လိုက်ပစ်နေသလိုပဲဗျ။ နေ့စဉ်ရက်ဆက်ဖြစ်လာတော့ သံသယရှိစရာတွေ ဖြစ်နေပြီ။ ကျတော်တို့ လေ့လာသလောက်တော့ စစ်ကောင်စီရဲ့ အကွက်ကျကျစီမံမှုလို့ ယူဆတယ်”ဟု KPDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဇွန်လ ၁၄ရက်နေ့ကလည်း လုံးခင်းတွင် အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဒဏ်ရာရသူအား သုသာန်ဇရပ်၌ ယာယီထားစဉ် ညဘက်၌ သတိပြန်ရလာခြင်းဖြစ်သည်။

“စစ်ကောင်စီစစ်ကြောင်းကလည်း ဆက်ရှိနေတယ်။ အခု သေနတ်ပစ်ခတ်လုပ်ကြံမှုတွေဖြစ်နေတဲ့ အနာတဝိုက်မှာက စစ်ကြောင်းမရှိတော့ဘူး။ ဒီစစ်ကြောင်းဝင်လာပြီးမှ ဒီ‌လိုတွေဖြစ်နေတာ။ KIA၊KPDF ထိန်းချုပ်နေရာတွေမှာ မလုံခြုံဘူးလို့ ပြချင်လို့ စစ်တပ်ဘက်က အစီအစဉ်တကျလုပ်နေပုံရတယ်။ ပုံမှန်အခြေအနေလုံးဝမဟုတ်ဘူး” ဟု လုံးခင်းဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ဖားကန့်တွင် မူးယစ်ဆေးစွဲနေသူအချို့သည် လမ်းဘေးနေရာများ၌ရှိနေကြသည်။ ၎င်းတို့ကို အရပ်ဝတ်သေနတ်သမားများက ပစ်မှတ်ထား၍ ပစ်ခတ်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအခြေအနေကြောင့် ဒေသခံများ လုံခြုံရေးသတိပြုနေထိုင်ကြရန် KPDF တပ်ဖွဲ့ဝင်တစ်ဦး လူမှုကွန်ရက်မှတဆင့် သတိပေးထားသည်။

ဖားကန့်တွင် ယခုကဲ့သို့ အရပ်ဝတ်သေနတ်သမား၏အန္တရာယ်အပြင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကလည်း အရပ်သားများအား ရက်စက်ကြမ်းကြုတ်သည့်အနေအထားဖြင့်သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေပြီး ဒေသခံများကပြောသည်။

ဇွန်လ ၁၁ရက်နှင့် ဇွန်လ ၁၃ရက်က မှော်စီစာကျေးရွာ တောင်ယာကုန်းသို့ ရောက်ရှိနေသောစစ်ကောင်စီစစ်ကြောင်းသည် လမ်းသွားလမ်းလာရပ်သား ဆယ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်သွားကြောင်း သတင်းရရှိသည်။

ယနေ့နေ့လယ်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးကျေးရွာအတွင်းရောက်ရှိနေ၍ ပိတ်မိနေသော ဒေသခံများ၏အသက်အန္တရာယ်ကိုစိုးရိမ်ရကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။