Connect with us

Hi, what are you looking for?

သတင်း

ထီးကပလယ်စခန်းကထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင်စစ်သား ၆၀ ခန့် ထိုင်းမရောက်သေး

မြန်မာ−ထိုင်းနယ်စပ်အနီးကထီးကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင်စစ်သား ၆၀ ခန့်ဟာ ထိုင်းနိုင်ငံကိုမရောက်သေးဘဲ နယ်စပ်တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီး​နေတယ်လို့လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ထိကပလယ်စခန်းသိမ်းပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-KNU

ဇွန်-၂၃၊၂၀၂၅/People’s Spring

မြန်မာ−ထိုင်းနယ်စပ်အနီးကထီးကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင်စစ်သား ၆၀ ခန့်ဟာ ထိုင်းနိုင်ငံကိုမရောက်သေးဘဲ နယ်စပ်တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီး​နေတယ်လို့လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ထိုင်းဘက်ထွက်ပြေးတာကအယောက်၆၀။ဒါပေမယ့်မရောက်သေးဘူးထိုင်းဘက်ကို”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထွက်​ပြေးစစ်သား​တွေကို ​တော်လှ​န်​ရေးတပ်​တွေက လိုက်လံဖမ်းဆီး​နေတယ်လို့ သူကဆက်​ပြောပါတယ် ။

ထီးကပလယ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ မနေ့ညနေပိုင်းက ဝင်ရောက်စီးနင်းတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၆၀ထဲမှာ ဒဏ်ရာရထားသူတွေလည်းပါပြီး တပ်ရင်းမှူးတစ်ဦးပါတယ်လို့စုံစမ်းသိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်အဖြစ် ၂ နှစ်ခန့်အ​ခြေစိုက်ခဲ့ဖူး​သော မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးကပလယ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူး​ပေါင်းတပ်တွေက ဇွန်၂၂ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့(ဇွန် ၂၃ရက်)မှာ သတင်းထုတ်ပြန်ထားပါတယ်။

KNUအနေနဲ့ မာနယ်ပလော ဌာနချုပ်က ဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလu စတင်ကာဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ရာ (၂) နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။အဲဒီစခန်းကို ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်မှာ ပြန်လည်ရယူနိုင်ခဲ့တာလို့ KNUက ဖော်ပြပါတယ်။

KNUရဲ့ ထုတ်ပြန်ချက်မှာ ထိခိုက်ကျဆုံး အခြေအနေတွေ၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေတွေကို ဖော်ပြမထားပါဘူး။

KNLAနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ခိုက်ခဲ့​တာလို့လည်း အသိ​ပေးထားပါတယ်။

ထိကပလယ်စခန်းသိမ်းပိုက်နိုင်ပြီဖြစ်လို့ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ ဝေါ်လေဗျူဟာ၊ ဥကရစ်ထစခန်းနဲ့ တိသဲလယ်ကာကင်းစခန်းတို့သာ ကျန်ပါတော့တယ်။

နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေကြပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။

အခုဆို မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ−၂၇၅တပ်ရင်းထဲမှာ ၆၀၀လောက်အထိ စုဝေးရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က မြန်မာ − ထိုင်း နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်းသိမ်းပိုက်တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)စစ်ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့တာပါ။အဲဒီအဖွဲ့ဟာ ဇွန်လ ၈ရက်မှာ ၂၇၅တပ်ရင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကို လည်း မေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေမြဝတီမြို့စောင့်တပ်ဖြစ်တဲ့ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့ပါတယ်။

မေလ၂၇ရက်မှာလည်းစစ်သား၆၂ဦးဟာထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလာခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။

ဒါ့အပြင်မေလ ၂၈ရက်လည်းနယ်စပ်က ဝေါ်လေမြို့နားကကနဲလေးစစ်တပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။