Connect with us

Hi, what are you looking for?

News

ကိုရီးယား Posco ​ရေနံကုမ္ပဏီ ​ရွှေသဘာဝဓါတ်​ငွေ့စီမံကိန်း အပိုင်း( ၂)တွင် လုပ်ငန်းစရန်ပြင်ဆင်

Posco ကုမ္ပဏီသည် ထုတ်လုပ်မှုအတိုင်းအတာအရ ကမ္ဘာ ပေါ်တွင် ပဉ္စမအကြီးဆုံး သံမဏိထုတ်လုပ်သော ကုမ္ပဏီဖြစ်သည်။

ကိုရီးယားရေနံကုမ္ပဏီ Posco International က ရခိုင်ကပင်လယ်ပြင်ရှိ ကမ်းလွန် လုပ်ကွက်အမှတ် ​အေဝမ်း(A-1)မှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပိုင်း ၂ တွင် ဓာတ်ငွေ့တူးဖော်ရေးကနဦး လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဟုအာဏာသိမ်း စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြသည်။

ထိုလုပ်ဆောင်မူများကို ၂၀၂၁ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ မတ် ၃၀ ရက်အထိဆောင်ရွက်မည်ဖြစ်ပြီး ထိုလုပ်ကွက်အနီး ၄ ကီလိုမီတာ အကွာတွင် ရေကြောင်း သတိပေးချက်ထုတ်ပြန်ကြောင်း စစ်ကောင်စီထုတ် ယနေ့သတင်းစာတွင်ပါရှိသည်။
အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူများလုပ်ဆောင်ရန် ၊ဓါတ်​ငွေ့တူး​ဖော်ထုတ်လုပ်​ရေးလုပ်ငန်းများမှ ငွေများကို မ​ပေးသွင်းဘဲ ဆိုင်းငံ့ထားပြီး ပြည်သူ့များ​ရွေးချယ်ထား​သောအစိုးရ တက်လာမှ ​ပြန်​ပေးရန်အမျိုးသားညီညွတ်​ရေးအစိုးရ၊ တက်ကြွလှုပ်ရှားသူများ၊ပြည်သူများက ကြိုးစားနေစဉ် ကိုရီးယား ကုမ္ပဏီက ယခုလို လုပ်ငန်းများတိုးချဲ့ရန် ပြင်ဆင်​နေခြင်းဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 နှင့်A-3 တွင် တည်ရှိပြီး A-1တွင် ရွှေဖြူနှင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများ ပါဝင်နေခြင်းဖြစ်သည်။
Posco ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် ဦးဆောင် ရင်းနှီးမြှုပ်နှံထားသည်။အိန္ဒိယ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ Gail(India)ကုမ္ပဏီနှင့် ကိုရီးယား ဂတ်စ် ကော်ပိုရေးရှင်းတို့ကလည်း ယင်းစီမံကိန်း၌ အချိုးကျပါဝင်သည်။

ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေသဘာဝဓာတ်ငွေ့ တူးဖော် ရေးစီမံကိန်းသည် ၂၀၁၃ တွင် သဘာဝဓာတ်ငွေ့ စတင် ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်သည်။
ရခိုင်မြောက်ပိုင်းရှိ A-1 နှင့် A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယား Daewoo ကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာ ဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟု ကိုရီးယား Posco ကုမ္ပဏီက ၂၀၁၈ တွင် ကြေညာထားသည်။

Public Service Announcement

Public Service Announcement

Posco ကုမ္ပဏီသည် ထုတ်လုပ်မှုအတိုင်းအတာအရ ကမ္ဘာ ပေါ်တွင် ပဉ္စမအကြီးဆုံး သံမဏိထုတ်လုပ်သော ကုမ္ပဏီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲ ကာလအတွင်း အီရန် တိုက်ခိုက်ခဲ့မှုတွေက နိုင်ငံရဲ့ ရေနံ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက် ယုတ်လျော့စေခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အစိုးရက ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို မတ်လကုန်မှာ စတင် ဖြန့်ဝေပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ကုစားဖို့ အားထုတ်မှု တစ်ခုအဖြစ် အမေရိကန်ဟာ အီရန် ပိုင်ဆိုင်တဲ့ ရေနံတွေအပေါ် ပိတ်ဆို့မှု တချို့ကို ဖယ်ရှားပေးခဲ့ပါတယ်။

ဖွင့်ဆိုရှင်းပြ

ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာကို ပြောတာလဲ အင်္ဂလိပ်လို "Choke" ဆိုတာ လည်ပင်းညှစ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်တာကို ဆိုလိုတာပါ။ မြန်မာစကားမှာရှိတဲ့ "ချုပ်ကွက်" ဆိုတာနဲ့ အခြေခံအဓိပ္ပာယ်ခြင်း အတူတူပါပဲ။ ရန်သူ ဒါမှမဟုတ် ပြိုင်ဘက်ကို ရုန်းမရအောင်၊ ရှေ့ဆက်တိုးမရအောင် ပိတ်ဆို့ထားတဲ့...