Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် တိုက်ခိုက်မှုကြောင့် ရေနံ အထွက်နှုန်း လျော့ကျခဲ့ကြောင်း ဆော်ဒီပြော

စစ်ပွဲ ကာလအတွင်း အီရန် တိုက်ခိုက်ခဲ့မှုတွေက နိုင်ငံရဲ့ ရေနံ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက် ယုတ်လျော့စေခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အစိုးရက ဝန်ခံခဲ့ပါတယ်။

စစ်ပွဲ ကာလအတွင်း အီရန် တိုက်ခိုက်ခဲ့မှုတွေက နိုင်ငံရဲ့ ရေနံ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက် ယုတ်လျော့စေခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အစိုးရက ဝန်ခံခဲ့ပါတယ်။

အခု သီတင်းပတ်မှာ အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး အဲဒီမတိုင်ခင် သီတင်းပတ် တချို့မှာတော့ အမေရိကန် မဟာမိတ်ဖြစ်တဲ့ ဆော်ဒီဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေဒဏ်ကို အတော်ကြီး ခံစားခဲ့ရပါတယ်။

ဧပြီ ၉ ရက်နေ့မှာတော့ ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာန အရာရှိ တစ်ဦးက အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ရေနံသန့်စင် ချက်လုပ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ ရေနံနဲ့ ဆက်စပ်ထုတ်ကုန် စက်ရုံတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ မြို့တော် ရီယတ်ဒ်မှာသာ မကဘဲ နိုင်ငံအရှေ့ပိုင်း ပြည်နယ်တွေနဲ့ စက်မှုမြို့တော်ဖြစ်တဲ့ ယန်ဘူမှာပါ အီရန်လက်ချက်ကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီ အရာရှိက မှတ်ချက်ပေးသွားပါတယ်။

တိုက်ခိုက်မှုတွေ အတောအတွင်း ဆော်ဒီ နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇ ဦး ရှိခဲ့ကြောင်း၊ ပြီးတော့ အရေးပါတဲ့ ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံတွေမှာ နှောင့်နှေးမှုတွေ၊ ပြဿနာတွေ ကြုံတွေ့ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။