Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)ထံ စစ်သား ၃ဦးအလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်လာကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားကပြောသည်။

KNU တပ်မဟာ(၄)မှတာဝန်ရှိသူနှင့်အလင်းဝင်စစ်သားသစ်ကို​တွေ့ရစဥ်။ဓါတ်ပုံ- KNU တပ်မဟာ(၄)

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်လာကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားကပြောသည်။

ဇွန်လ ၂၁ ရက်တွင်KNUလက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊တပ်ခွဲ(၃)ထံသို့စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများယူလာပြီးလက်နက်ချ အလင်းဝင်ခဲ့သည်ဟု ၎င်းကပြောသည်။

ဇွန်လ၆ ရက်ကလည်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၁၀)ထံသို့စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာကြောင်း ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလူတွေကများသောအားဖြင့် လူငယ်တွေ ၂၀ ကျော်ကျော် အရွယ်တွေ။ သူတို့က တပ်သားသစ်စုဆောင်းရေးမှာ ပါလာတဲ့စစ်သားတွေ လူငယ်တွေပေါ့။” ဟု ပဒိုစောအယ်နားက ပြောသည်။

တပ်ရင်း(၁၀)ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအနေဖြင့်လက်နက် မပါလာဟုသိရ သည်။ တပ်ရင်း(၁၀)သည်ထားဝယ်မြို့နယ်အတွင်းရှိပြီး KNDO တပ်ရင်း(၇)သည် ပုလောမြို့နယ်၌ ရှိသည်ဟုထားဝယ်ခရိုင်ကရင်လူငယ် ခေါင်းဆောင်တဦးဖြစ်သည့် စောအယ်ထီးကော်က ပြောသည်။

“KNUက သူတို့တွေကို ဆုငွေတို့ ဘာတို့ ပေးတာတော့ရှိတယ်။ ဘယ်လောက်လဲ မသိဘူး။ လက်နက် ပါလာတဲ့ အတိုင်းအတာတခုအနေနဲ့ပေါ့။” ဟု စောအယ်ထီးကော်က ပြောသည်။

လက်ရှိ KNU တပ်မဟာ(၄)နယ်မြေ ဧရိယာ အများစု စစ်ရေးငြိမ်နေကြောင်း၊ တနင်္သာရီမြို့နယ်တွင်မူ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် တိုက်ပွဲများ ရှိနေကြောင်း ၎င်းက ပြောသည်။

“စကစက မောတောင်နယ်စပ်ကို ပြန်ထိန်းချုပ်ဖို့အတွက် တနင်္သာရီနဲ့ မောတောင်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို သူတို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေထိုးနေတာတော့ရှိတယ်။ ဒါပေမဲ့ သူတို့ စစ်ကြောင်း အပေါ်ကို တက်လို့မရသလို အောက်ကိုလည်း ပြန်လာလို့ မရတဲ့အပိုင်းတွေရှိတယ်။”ဟုစောအယ်ထီးကော်က ပြောသည်။

စစ်ကောင်စီသည် တနင်္သာရီ -မောတောင် လမ်းကြောင်း ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ နှစ်ဝက်ကျော်ကြာပြီဖြစ်ပြီး သိန်းခွန်ရွာအနီးတိုက်ပွဲများ ပြင်းထန်ကာ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်။ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများလည်း အဆိုပါဒေသကို ပြုလုပ်လျက်ရှိသည်ဟု တပ်မဟာ(၄) နယ်မြေရှိ တော်လှန်ရေးပူးပေါင်းတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။