Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်ရဲ့ မူလအစနဲ့ ပတ်သက်လို့ သီအိုရီအားလုံးကို လမ်းဖွင့်ပေးထားဆဲလို့ WHOပြော

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

သန်းနဲ့ချီတဲ့ လူသားတွေရဲ့ အသက်ကို နုတ်ယူခဲ့တဲ့ ကပ်ရောဂါဆိုးကြီး စတင်ပေါ်ပေါက်လာခဲ့တာ ၄ နှစ်ကျော် ကြာမြင့်ပြီးချိန်အထိ ရောဂါရဲ့ မူရင်းဇစ်မြစ်ကို ဖော်ထုတ်ဖို့ ကြိုးစား အားထုတ်မှုတွေဟာ ပြည့်စုံမှု မရှိသေးတဲ့နောက် WHOက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာပါ။

၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ အမျိုးအမည်မသိ နမိုးနီးယားဆန်တဲ့ ရောဂါတစ်မျိုးဟာ လပိုင်းအတွင်း ကမ္ဘာ့ကပ်ရောဂါကြီးအဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ကိုဗစ်လို့ နာမည်မှည့်ခေါ်ခဲ့တဲ့ ရောဂါဆိုးဟာ လူပေါင်း သန်း ၂၀ လောက်ကို သေဆုံးစေခဲ့ကြောင်း WHOက ခန့်မှန်းထားပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ကို ဝူဟန်မှာရှိတဲ့ သားစိမ်းငါးစိမ်း စျေးတန်းတစ်ခုမှာ ပထမဆုံးအကြိမ် စတင် ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ ယုံကြည်ရပြီး ရောဂါရဲ့ မူရင်းဇစ်မြစ်ကို ဖော်ထုတ်နိုင်ခြင်းက နောက်ထပ် အလားတူ ကပ်ရောဂါတွေ ဖြစ်မလာအောင် ကြိုတင် တားဆီးရေးအတွက် အထူးအရေးကြီးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကပ်ရောဂါအစ ကနဦးကာလ လေ့လာ တွေ့ရှိချက်တွေကို တရုတ် အာဏာပိုင်တွေက ရှင်းရှင်းလင်း မထုတ်ပြန်တာ အပါအဝင် တခြား နှောင့်နှေးမှုတွေ၊ အချက်အလက် မပြည့်စုံမှုတွေကြောင့် ကိုဗစ်ရဲ့ မူလအစကို တိတိကျကျ မသိနိုင်သေးကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ယာနွမ် ဂျီဘရီးဆက်စ်က ပြောပါတယ်။

အဲဒီတော့ ကိုဗစ်ရဲ့ မူလအစ ဖြစ်နိုင်ခြေနဲ့ ပတ်သက်တဲ့ အဆိုကြမ်း မှန်သမျှကို ပယ်ချလို့ မရနိုင်သေးကြောင်း၊ အဲဒီထဲမှာ တိရစ္ဆာန်တွေဆီကနေ ဆင့်ကဲကူးစက်မှုကအစ ဓာတ်ခွဲခန်း တစ်ခုကနေ မတော်တဆ အစပြု ကူးစက်တာထိ အားလုံး ပါဝင်ကြောင်း သူက ဆိုပါတယ်။ အဲဒီ နှစ်ချက်ဟာ ကိုဗစ်ရဲ့ မူလအစနဲ့ ပတ်သက်လို့ လူပြောအများဆုံး သီအိုရီတွေလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက WHOနဲ့ တရုတ်တို့ ပူးပေါင်း ထုတ်ပြန်ချက်အရ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့ကနေတဆင့် တခြား နို့တိုက်သတ္တဝါ မျိုးစိတ်တွေမှာ ဆင့်ကဲ သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်တာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ နောက်ပြီး ဝူဟန်မှာရှိတဲ့ ဗိုင်းရပ်စ် သုတေသန ဓာတ်ခွဲဌာန တစ်ခုကနေ မတော်တဆ စတင်ပျံ့နှံ့ခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်က ဖြစ်နိုင်ခြေ သိပ်နည်းတယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အထောက်အထား အချက်အလက်တွေ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာ၊ ဓာတ်ခွဲခန်းကနေ ပျံ့နှံ့လာတယ်ဆိုတဲ့ ထင်မြင်ချက်ကို အလေးထား စုံစမ်းမှု မရှိတာတွေအတွက် အတော်ကြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီတုန်းက အမေရိကန် သမ္မတအဖြစ် ပထမသက်တမ်း တာဝန်ယူထားတဲ့ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ တရုတ် ဓာတ်ခွဲခန်း တစ်ခုကနေ ဗိုင်းရပ်စ် စတင်ပျံ့နှံ့လာခဲ့တယ်ဆိုတဲ့ အယူအဆကို တရားဝင် ထောက်ခံခဲ့ပါတယ်။

ဒေါက်တာ တက်ဒ်ရော့စ်က ကိုဗစ်ရဲ့ မူလအစကို ရှာဖွေခြင်းဟာ အနာဂတ် ကပ်ရောဂါဆိုးတွေကို တားဆီးရေးအတွက် အရေးပါရုံသာ မကဘဲ ကပ်ရောဂါ ကာလအတွင်း အသက်ဆုံးရှုံးခဲ့သူတွေကို လေးစား တန်ဖိုးထားကြောင်း ကျင့်ဝတ်ပိုင်းအရ ပြသမှုလည်း ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

သူက ကမ္ဘာ့နိုင်ငံ အသီးသီးဟာ ကိုဗစ်ရဲ့ မူလအစနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ခိုင်မာတဲ့ သဲလွန်စတွေ ရထားကြရင်လည်း WHOဆီ ဝေမျှ ကူညီပေးဖို့ မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။