Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ ရောဂါဆိုးနဲ့ စစ်ရေး ပဋိပက္ခ တပြိုင်တည်း ကြုံနေကြောင်း WHOပြော

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ဆယ်စုနှစ် သုံးခုကြာအောင် ဖြစ်ပွားနေခဲ့တဲ့ လက်နက်ကိုင် ပြည်တွင်း ပဋိပက္ခတွေဟာ လက်ရှိ အချိန်ထိ အတောမသတ်သေးသလို အီဘိုလာ ရောဂါဆိုးကပါ စတင် ခေါင်းထောင်လာတာ ဖြစ်ပါတယ်။ အဲဒီ ရောဂါကြောင့် သေဆုံးတဲ့ အတည်ပြုနဲ့ သံသယလူနာ ဦးရေက ၂၀၀ ကျော်လာခဲ့ပြီးပါပြီ။

ပြည်တွင်းက စစ်ရေး အခြေအနေတွေကြောင့် ကွန်ဂိုမှာ ရောဂါတားဆီး တိုက်ဖျက်ရေး အားထုတ်မှုတွေကို အနှောင့်အယှက် ဖြစ်နေစေတယ်လို့လည်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က သတိပေးခဲ့ပါတယ်။ ဒီအတောအတွင်း တခြားအာဖရိက နိုင်ငံတစ်ခုဖြစ်ပြီး ကူးစက်မှုတချို့ တွေ့ရှိထားတဲ့ ယူဂန္ဓာကတော့ နယ်စပ်တွေကို ပိတ်ပစ်လိုက်ပါတယ်။

ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု အရေးပေါ် အခြေအနေကို မေလလယ်မှ ကြေညာခဲ့ပေမယ့် ဧပြီလလောက် ကတည်းက ကူးစက်မှုတွေ အစပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ WHOရဲ့ အဆိုအရ မေလလယ်ကစလို့ သံသယလူနာ ၂၂၃ ဦး သေဆုံးထားပြီး ၁၀ ဦးကတော့ အီဘိုလာကြောင့် အသက်ဆုံးရှုံးတယ်ဆိုတာ ဓာတ်ခွဲ အတည်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာ တက်ရော့စ်က ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက နယ်မြေ မငြိမ်သက်မှုတွေကြောင့် လက်ရှိရောဂါ ကူးစက်မှု ပြဿနာကို ထိန်းသိမ်းဖို့ အရမ်း ခက်ခဲနေစေတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အဲဒီဒေသမှာ လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေ လှုပ်ရှားပြီး ကာလရှည်ကြာ ပြည်တွင်းစစ် နယ်မြေအဖြစ် ရပ်တည်နေပါတယ်။ လောလောဆယ် အီဘိုလာ ကူးစက်မှုတွေရဲ့ ဗဟိုချက် ဖြစ်နေတဲ့ အီတူရီ ပြည်နယ်ဟာလည်း အစိုးရ ဆန့်ကျင်ရေး အစုအဖွဲ့တွေ အားကောင်းတဲ့ နယ်မြေပါ။

ကွန်ဂို အရှေ့ပိုင်းဟာ ကူးစက်ရောဂါနဲ့ စစ်ရေး ပဋိပက္ခတွေ တပြိုင်တည်း စုဆုံတဲ့ ကြောက်စရာ အခြေအနေဆိုးကို ကြုံနေရကြောင်း၊ အီတူရီ ပြည်နယ်မှာ ရောဂါ ကူးစက်မှုတွေက ထိန်းချုပ်နိုင်တဲ့ နှုန်းထက် ကျော်လွန် မြန်ဆန်နေကြောင်း ဒေါက်တာ တက်ဒ်ရော့စ်က ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ဘွန်ဒီဘူဂျိုဆိုတဲ့ ဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး ကာကွယ်ဆေးရော၊ တိကျတဲ့ ကုထုံးပါ မရှိသေးပါဘူး။ ရောဂါ လက္ခဏာတွေကတော့ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အားအင်ကုန်ခန်းတာ၊ သွေးဝမ်းသွားတာ၊ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်ပြီး ပြင်းထန်တဲ့ အဆင့်မှာ အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။

အီဘိုလာဟာ နှစ်အပိုင်းအခြားအလိုက် အာဖရိက နိုင်ငံတွေမှာ ခေါင်းထောင်လာလေ့ရှိတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အီဘိုလာကြောင့် အာဖရိကမှာ လူပေါင်း ၁၅၀၀၀ လောက် သေကြေပျက်စီးခဲ့ရပါတယ်။

ကွန်ဂို အတွက်တော့ နိုင်ငံသမိုင်းမှာ ၁၇ ကြိမ်မြောက် အီဘိုလာ ကူးစက်မှုတွေနဲ့ ကြုံနေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ အာဖရိကတိုက် သမိုင်းမှာ အဆိုးဆုံး အီဘိုလာ ကူးစက်မှု တစ်ခုကို ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကွန်ဂိုမှာ ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ လူပေါင်း ၃၅၀၀ လောက် ရောဂါကူးစက်ခံရပြီး ၂၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

Facebook