Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုက ပျူရွာစခန်းတစ်ခုနဲ့ စခန်းကုန်း ၃ ခုကို သိမ်းပိုက်

လက်နက်မျိုးစုံ ၂၀ ​ကျော်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိတဲ့ ဒုတပ်ရင်းမှူးကို တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၅

ဇူလိုင်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူရွာစခန်းတစ်ခုနဲ့ စခန်းကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၅)က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်(၄)ရက်မနက်ပိုင်းကရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့နယ်က ဟင်္သာကြီးပျူရွာစခန်းနဲ့ ဘိုးနတ်တောင် ဗျူဟာစခန်းကုန်းတွေကို ရွှေဘိုခရိုင်တပ်ရင်း (၁၅) နဲ့မဟာမိတ်အဖွဲ့တွေကတပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတဲ့ကြားက မွန်းလွှဲ ၂ နာရီလောက်မှာ ဒုတပ်ရင်းမှူး ချမ်းလွင်မောင်ဦးဆောင်တဲ့ ဟင်္သာကြီးပျူရွာစခန်းကုန်းနဲ့ တစ်ရွာလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးကိုပါ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် ။ ကျန်စစ်သားနဲ့ပျူ​စောထီး​တွေကတော့ မခေါက်ရွာကို ထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ ဘိုးနတ်တောင်ဗျူဟာကုန်းကိုလည်း ညနေ ၃ နာရီခန့်မှာ ထပ်မံအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ G1 နဲ့အဖွဲ့ဟာ တောင်လှဗျူဟာကုန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၁၅)က ဆိုပါတယ်။

ဒါအပြင်တောင်လှဗျူဟာစခန်းကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဇူလိုင်လ ၅ ရက် မနက်အစောပိုင်းမှာတော့ တတိယမြောက် တောင်လှဗျူဟာစခန်းကုန်းကိုပါ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅က ထပ်မံအသိပေးပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ညနေ ၅ နာရီခန့်မှာ ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကိုပါ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅က ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ကတော့ ဟသ်ာကြီးပျူရွာ၊ ဘိုးနတ်တောင် ဗျူဟာကုန်းနဲ့တောင်လှ ဗျူဟာကုန်းတို့ကို တစ်ရက်ထဲ အပြီးသက်သိမ်းပိုက်ခဲ့တာပါဗျ။ ၆ရက်နေ့မှာ ဘိုးလွန်းကျော်ဗျူဟာကုန်းကို ထပ်ပြီးသိမ်းနိုင်တာပါ။ ခွေးအလောင်း ၉ လောင်းရရှိပြီး ဒါဏ်ရာရအနေနဲ့တော့ ခန့်မှန်း ၈ ဦးခန့်ပါဗျ။”လို့ရွှေဘိုခရိုင်တပ်ရင်း(၁၅)ကဗိုလ်ကောက်ရိုးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအရေအတွက်ကို ထုတ်ပြန်ထားတာမရှိပေမဲ့ ဓာတ်ပုံမှတ်တမ်းအရ လက်နက်မျိုးစုံ အလက် ၂၀ ကျော် ရှိတာကို တွေ့ရပါတယ်။

အဆိုပါစစ်ဆင်ရေးကို (ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ ) တပ်ရင်းများနဲ့ Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ စုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၈)ရက်နေ့ကလည်း ဟင်္သာကြီး(ပျူ)ရွာ ပျူစခန်းနဲ့ စစ်တပ် စခန်းကုန်းတို့ကို ရွှေဘိုမြို့နယ်ပကဖက ဦးဆောင်ပြီး ပူးပေါင်းပကဖ​တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက်ထိခိုက်မှုအချို့ရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook