Connect with us

Hi, what are you looking for?

သတင်း

ဇူလိုင်လဝက်အတွင်းစစ်​ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးအလင်းဝင်၊ သုံးပုံတစ်ပုံမှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်

ဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးရှိပြီးသုံးပုံတစ်ပုံမှာစစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က ဟုမ္မလင်းမြို့နယ်တွင် စစ်တပ်လက်​အောက်ခံ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှအလင်းဝင်သူများကို PDFက ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပခဲ့စဥ်။ ဓါတ်ပုံ- ဟုမ္မလင်း ပအဖ

ဇူလိုင်-၂၄၊၂၀၂၅။ဇေအောင်/People’s Spring

ဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးရှိပြီးသုံးပုံတစ်ပုံမှာစစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း သတင်းရရှိပါတယ်။

အလင်းဝင်လိုသူတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့ကကောက်ယူထားတဲ့ မှတ်တမ်းတွေအရဇူလိုင်လ ပထမလဝက်အတွင်း အလင်းဝင်သူ စုစုပေါင်း ၇၀ ဦး ရှိတယ်လို့ သိရပါတယ်။

အလင်းဝင်သူများမှာစစ်ကောင်စီတပ်သား ၄၈ ဦး၊ ရဲ ၄ ဦး၊ ပြည်သူ့စစ် ၁၈ ဦး ဖြစ်ကြောင်း၊ အလင်းဝင်စစ်သား ၄၈ ဦးအနက် ၂၆ ဦးမှာ စစ်မှုထမ်း တပ်သားသစ်များဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်သူတွေဟာ စစ်ကိုင်းတိုင်းက (၃၁)ဦး၊ တနင်္သါရီတိုင်းက (၁၄) ဦး၊ချင်းပြည်နယ်က(၁၁)ဦးနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ကရင်၊ မကွေးတို့က (၁၄)ဦးတို့ ဖြစ်ကြောင်းပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဇူလိုင်လ ဒုတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းစုစုပေါင်း – ၁၆၄၃ ဦးထိရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီ၏အတင်းအဓမ္မစစ်သားစုဆောင်းခံရသော တပ်သားသစ်တွေအနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီးပြည်သူ့ရင်ခွင်သို့အမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းထားပါတယ်။

စစ်ကောင်စီကစစ်မှုထမ်းအပတ်စဥ်(၁၆)ကို စတငဖို့ ကြိုးစားနေပြီး မန္တလေးမြို့ပေါ်မှာတင် လူငယ်တွေ အများအပြား စစ်မှုထမ်းဖို့ မဲနှိုက်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။