Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် ဓားဖြင့်ထိုးလုယက်မှု အမျိုးသမီးတစ်ဦးသေဆုံး

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

မူဆယ်မြို့လယ်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၆၊၂၀၂၅။လူအေး/People’s Spring

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

ယနေ့ (ဇူလိုင် ၂၆ရက်)နံနက်ကမူဆယ်မြို့တောင်ပေါ်ဘုရားသွားလမ်းတွင် အသက်(၄၀)အရွယ်ခန့် အမျိုးသမီးတစ်ဦးမှာ ဓားဖြင့် အချက်ပေါင်းများစွားထိုးပြီး လုယက်ခံရခြင်းဖြစ်သည်။ထိုနေရာသည် မူဆယ်မြို့အနီးပင် ရှိသည်။

” ဘုရာသွားတဲ့လမ်းပေါ်မှာ ဖြစ်တာ။ ရက်ရက်စက်စက်ကြီး”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားသုံးဦးပါအဖွဲ့က ဓားဖြင့်ထိုးသွားသည်ဟု သတင်းရရှိထားကြောင်း ၎င်းကပြောသည်။

ဓားဖြင့်ထိုးခံရသောအမျိုးသမီးကို ဒေသခံများက ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

” တစ်ကိုယ်လုံးမြင်လို့မကောင်းဘူး။ မူဆယ်ရဲ့တရားဥပဒေစိုးမိုးရေးက လုံးဝအဖတ်ဆယ်လို့မရတော့ဘူး။ ဘယ်သူကမှလည်းအကာအကွယ်မပေးနိုင်တော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

မူဆယ်မြို့သည်တရုတ်နိုင်ငံနှင့်နယ်စပ်အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့်၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မတိုက်ခိုက်ဘဲ ချန်ထားခဲ့သည့်မြို့ဖြစ်သည်။

မူဆယ်အနီး(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကိုမဟာမိတ်ညီနောင်များကသိမ်း ယူထားပြီး မူဆယ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထား သည်။

လက်ရှိအခြေအနေသည် မူဆယ်မြို့ပေါ်၌ တရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့ဘဲ ဓားပြတိုက်မှုများ၊ လုယက်မှုများ၊ ပြန်ပေးဆွဲမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း မြို့ခံများက ပြောသည်။

ဇူလိုင်၂၄ရက်ကမူဆယ်မြို့မီးသတ်တပ်ဖွဲ့ရုံးအနီးတွင်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့နှင့်ဆက်စပ်သော လူအချို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေခဲမုန့်ဆိုင်က သားအမိနှစ်ဦးကို သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ကျွဲဆည်ကန်ကားကြီးကွင်းဟောင်းတဝိုက်မှာ လုယက်မှုတွေ အဖြစ်များနေပြီး မနေ့က အမျိုးသမီးတစ်ဦး ဆွဲကြိုး လုယက်ခံရလို့ ကျပ်သိန်း ၂၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။