Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့လယ် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်

စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

​အောက်တိုဘာ-၁၄၊၂၀၂၆။ ဇော်ရမ်း/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့၊ ဈေးရပ်ကွက်နဲ့တောင်ရပ်ကွက်ကြားက နာရီစင်အနီးမှာ ရပ်ထားတဲ့အိမ်စီးကားကို ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးက ဗုံးပစ်သွင်း ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ ၁၂ရက်နေ့ကဖြစ်ခဲ့ပြီး ကားထဲမှာ လူမရှိတဲ့အတွက် လူထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ကားကတော့မီးလောင်ပျက်စီးသွားပါတယ်။

Public Service Announcement

Public Service Announcement

” မြို့လယ်‌ ခေါင်မှာဖြစ်တာဗျ။ အဲဒီနေရာက ဈေးတန်းတွေလည်းရှိတယ်။ ဒုစရိုက်သမားအချင်းချင်းဖြစ်တဲ့ပြဿနာကို ပြည်သူလူထုကြားမှာလာရှင်းသွားတာ။ စစ်တပ်ကရော ပြည်သူ့စစ်တွေပါ ဘာမှမတတ်နိုင်ဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်ကိုတော့ တိတိကျကျမသိရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်အများစုကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီကတရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်မြို့ကို ထိန်းချုပ်ထားပါတယ်။ မူဆယ်မြို့ပေါ်မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်နေတဲ့ကျားဖြန့်လုပ်ငန်းတွေလည်းရှိနေပြီး ‌ ဒေသတွင်းမှာတရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။

မူဆယ်မြို့ကိုစစ်တပ်ကထိန်းချုပ်ထားပေမယ့် မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့နယ်စပ်စစ်ဆေးရေးဂိတ်တွေကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တ​အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ မူဆယ်မြို့နယ်ထဲက ပန်ဆိုင်းမြို့ကိုလည်း MNDAA က ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် မူဆယ်မြို့နဲ့နယ်‌ မြေချင်းဆက်စပ်နေတဲ့ နမ့်ခမ်းမြို့ကို TNLAက ထိန်းချုပ်ထားပြီး နမ့်ဖက်ကာမြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ မူဆယ်မြို့ပေါ်မှာတရားဥပဒေစိုးမိုးမှုမရှိကြောင်းမြို့ခံတွေကပြောပေမယ့် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ပန်ဆိုင်း၊ နမ့်ခမ်းနဲ့ နမ့်ဖက်ကာမြို့တွေမှာတော့ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင့်စန်းကျောနယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းမြို့ကြားက ဒေသခံတွေ သွားရောက်လည်ပတ်မှုများတဲ့ရေပြာအိုင်မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးသွားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။