Connect with us

Hi, what are you looking for?

သတင်း

မဟာအောင်မြေမှာ ပျူစောထီးတွေက ပစ္စည်းပို့သမားဆီက ငွေလု

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

(စစ်ကောင်စီ လက်သပ်မွေးထားသော မန္တလေးမြို့က ပျူစောထီး(ခ) ပြည်သူ့စစ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-"File Video)

သြဂုတ် ၃၁၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၉ ရက် ည ၁၁နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ၊ ဓါးတွေပါတဲ့ ပျူစောထီး ၅ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် ပစ္စည်းပို့သမား အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက် လုယူသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

“ဓားတွေကော သေနတ်တွေကောပါတယ်တဲ့။ ကောင်လေးကတော့ငိုနေတာ ကြောက်ပြီးတော့။ လူတောင် ငွေပေးလိုက်လို့တဲ့။ မပေးရင်ဖမ်းမယ်လုပ်တာလို့ ပြောတယ်”Voice Of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ပျူစောထီးတွေဟာ ဘယ်မြို့နယ်ကအဖွဲ့ကဆိုတာတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက်သွားခဲ့ပါသေးတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။