Connect with us

Hi, what are you looking for?

သတင်း

AA ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်ကို စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့နယ်ကို ဩဂုတ်လ ၂ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်းပစ်ခတ်၍ ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

AA တပ်ဖွဲ့ဝင်များက စစ်အုပ်စု၏ ​မောင်​ရွှေ​လေး​ရေတပ်စခန်းကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

သြဂုတ်-၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့နယ်ကို ဩဂုတ်လ ၂ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်းပစ်ခတ်၍ ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

သံတွဲမြို့နယ်၊ဂျိတ္တောရွာကို ဩဂုတ်လ ၂ရက်နေ့ ညနေ ၃နာရီခန့်မှ ၄နာရီခန့်အတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံစစ်​ဘေး​ရှောင်အချို့က​ပြောသည်။

“စကစတပ်ကပင်လယ်ထဲကနေပစ်နေတာပါ။ ဇွန်လကလည်းပစ်တယ်။လက်နက်ကြီးရော လေကြောင်းရောသတိထားနေရပေမယ့် လွယ်တော့မနေဘူးလေ” ဟု သံတွဲမြို့မှစစ်ဘေးရှောင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သံတွဲမြို့နယ်သည် စစ်ကောင်စီ၏ ​မောင်​ရွှေ​လေးရေတပ်ရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအနက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။ စစ်​ကောင်စီ၏ ​မောင်​ရွှေ​လေး​ရေတပ်စခန်း​ (​ခေါ်)​ရေတပ်ပင်မ​ရေငုပ်နှင့် ဆယ်ယူ​ရေးတပ် ကိုပါ AA ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ​နွေဦး​တော်လှန်​ရေးကာလတွင်စစ်တပ်​၏ ​ရေတပ်စခန်းတစ်ခုပထမဆုံးလက်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်။

စစ်ကောင်စီတပ်သည် သံတွဲမြို့အားလက်လွှတ်ရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား၈၀ဦးထက်မနည်း သေဆုံးခဲ့သည်။ လအနည်းငယ်အကြာ၌ ပစ်ခတ်မှုများငြိမ်သက်သွားပြီးနောက် ပြီးခဲ့သည့် ဇွန်လမှစတင်၍ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်​ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၃ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ဇွန်လ ၇ရက် ညပိုင်းတွင် သံတွဲမြို့၊ ကျောက်ကြီးရွာစာသင်ကျောင်း၊ပုဇွန်ဖြေရွာစာသင်ကျောင်း နှင့် စစ်သားစုဆောင်းရေးတပ်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့သည်။အဆိုပါဗုံးကြဲတိုက်ခိုက်မှု၌ စစ်ဘေးရှောင်ပြည်သူလေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။