Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံရ၊ ကျဆုံးခဲ့​ရတဲ့ရဲ​ဘော်​တွေအတွက် နှစ်ဆတိုး အလုပ်လုပ်ကြမယ်။ နှစ်ဆတိုး ရဲရင့်ကြမယ်လို့ NUGကာကွယ်​ရေးဝန်ကြီးသစ္စာပြု

အထိန်းသိမ်းခံရသူများ ကိုယ်စား ကျဆုံးရဲဘော်များ ကိုယ်စား၊ သက်ရှင်လွတ်လပ်နေသေးတဲ့ ကျွန်တော်တို့တတွေ နှစ်ဆတိုး အလုပ်လုပ်ကြမယ်။ နှစ်ဆတိုး ရဲရင့်ကြမယ်လို့ သစ္စာပြုပါတယ်။”ဟု ၎င်းက သစ္စာပြုရင်း တိုက်တွန်းထားသည်။

(စစ်အာဏာရှင်ဖြုတ်ချ​ရေး နိုဝင်ဘာ ၁၈ ရက်တွင် မန္တ​လေးမြို့တွင်ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။ ။ဓါတ်ပုံ-Spring Diary)

ဖမ်းဆီးအထိန်းသိမ်းခံရသူများနှင့် ကျဆုံးရဲဘော်များအတွက် အသက်ရှင်လွတ်လပ်နေသူများက နှစ်ဆတိုးအလုပ်လုပ်ရမည်ဖြစ်ပြီး ၊နှစ်ဆတိုးရဲရင့်ကြမည်ဟုသစ္စာပြု​ကြောင်း အမျိုးသားညီညွတ်ရေအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏​ဖေစ်ဘွခ်လူမူကွန်ယက်တွင်ရေးသားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာသော် နှင့် ရန်ကုန်မြို့ပြပျောက်ကြားလှုပ်ရှားသူအချို့ အာဏာသိမ်းစစ်​ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ယ​နေ့ညပိုင်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ဦး​ဇေယျာ​သော်မှာ ယ​နေ့(နိုဝင်ဘာ ၁၈) ရန်ကုန်မြို့တွင် ဖမ်းဆီးခံရ​ကြောင်း NLD အမတ်အချို့ကသတင်းဌာနအချို့ကို အတည်ပြု​ဖြေကြားထားသည်။ထိုအပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင် မြို့ပြ​ပျောက်ကျား တပ်ဖွဲ့ဝင်( ၂၀)​ကျော်ဖမ်းဆီးခံခဲ့ရသည်။

(စစ်အာဏာရှင်ဖြုတ်ချ​ရေး နိုဝင်ဘာ ၁၈ ရက်တွင် မန္တ​လေးမြို့တွင်ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။ ။ဓါတ်ပုံ-Spring Diary)

ဦးရည်မွန်က စစ်မြေပြင်တွင် အသက်ပေးသွားသည့်ရဲဘော်များ၊ ခြေလက်အင်္ဂါစွန့်လှူသွားသည့် ရဲ​ဘော်များ၊ မြို့ပြတွင်အန္တရာယ်ကြား၌ သူရသတ္တိနှင့်လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် ရဲဘော်များနှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသည့် ရဲဘော်များရှိပြီး ၎င်းတို့အဖမ်းခံရခြင်း၊ ကျဆုံးခြင်းစီတိုင်းအတွက် ကြေကွဲရသည်ဟု​​ပြောသည်။

“တစ်​ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်​ယောက် ကျဆုံးတိုင်း ကျွန်​တော်တို့ ​ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ သို့​သော် ဒီ​တော်လှန်​ရေးက ဆုံး​အောင်သွားရမယ့် ခရီးပါ။အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲ​ဘော်​တွေ၊ ပြည်သူ​တွေ သိန်းသန်းချီ ရှိ​နေတယ်လို့ ယုံတယ်။ဒီတစ်ခါသန္နိဌာန်က ​သေချာတယ်။” ဟု ကာကွယ်​ရေးဝန်ကြီးက​ရေးသားသည်။

Public Service Announcement

Public Service Announcement

“အထိန်းသိမ်းခံရသူများ ကိုယ်စား ကျဆုံးရဲဘော်များ ကိုယ်စား၊ သက်ရှင်လွတ်လပ်နေသေးတဲ့ ကျွန်တော်တို့တတွေ နှစ်ဆတိုး အလုပ်လုပ်ကြမယ်။ နှစ်ဆတိုး ရဲရင့်ကြမယ်လို့ သစ္စာပြုပါတယ်။”ဟု ၎င်းက သစ္စာပြုရင်း တိုက်တွန်းထားသည်။

ထိုအတူပြည်သူ့စစ်သား( People’s Solder)အဖွဲ့ကလည်း “စိတ်ထိခိုက်စရာရှိရင်တောင် စိတ်ဓာတ်မကျပါနဲ့။ ကျန်နေသေးတဲ့ ကျနော်တို့တွေက ပိုပြီးတော့ ဆတိုးကြိုးစားကြတာပေါ့ခင်ဗျာ”ဟုတိုက်တွန်းထားသည်။ ပြည်သူ့စစ်သားအဖွဲ့မှာ စစ်အာဏာရှင်၏အမိန်ွအာဏာကို ဖီဆန်ပြီး ပြည်သူရင်ခွင်ခိုလှုံပြီး စစ်တပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူများကို ပြည်သူနှင့်ပူး​ပေါင်းနိုင်ရန်ကူညီ​နေ​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။