Connect with us

Hi, what are you looking for?

သတင်း

ပျူခေါင်းဆောင်တစ်ဦး လက်နက်များယူလာပြီး အလံဖြူထောင်ကာလောင်းလုံပကဖထံအလင်းဝင်

ဩဂုတ်-၈၊၂၀၂၅။ထားမြတ်၊​ကျော်​ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဒုခေါင်းဆောင်တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလံဖြူထောင်ကာ ဆိုင်ကယ်ဖြင့်မောင်းနှင် အလင်းဝင်လာကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှတာဝန်ရှိသူက​ပြောသည်။

“ထွက်လာဖို့တော့ အသံကြားနေတာကြာပြီ။ အလံဖြူထောင်ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးလာတာ ရွာနားရောက်မှ သေနတ်မိုးပေါ်ထောင်ပြီးကျည် ၂ ကဒ်လောက်ပစ်တင်လိုက်တာ ကျနော်တို့နဲ့တွေ့သွားတာ”ဟုကျောက်နီမော်အခြေစိုက် ပျူစောထီးအဖွဲ့ရဲ့ ဒုခေါင်းဆောင် ကိုကုလားဆိုသူ အလင်းဝင်လာမှု လောင်းလုံးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောသည်။

ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာ​သောပျူစောထီး ဒုခေါင်းဆောင်သည် စစ်ကောင်စီတပ်တွေနှင့် အတူ တာဝန်ထမ်းဆောင်ရချိန် အနိုင်ကျင့်ခံခြင်း၊ မိသားစုဝင်များနှင့် အကျပ်ကိုင်ခံရခြင်းအပါအဝင် စားဝတ်နေရေးခက်ခဲလာ​သောကြောင့် အလင်းဝင်လာခြင်းဟု စစ်ဆေးသိရှိရကြောင်း အထိုတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ပျူခေါင်းဆောင် ကိုကုလားက၎င်းနှင့်အတူ MA2 အမျိုးအစားသေနတ်တစ်လက်၊ လက် ပစ်ဗုံး ၃ လုံး၊ ကျည်၂၀၀ တောင့်၊ စကားပြောစက်တစ်လုံး၊ အီနာဂါဗုံးသီး ၁ လုံး အသီးသီးယူဆောင်လာ​ကြောင်း သိရသည်။

လက်နက်နှင့် အလင်းဝင်ရောက်လာသည့် ပျူစောထီး ဒုခေါင်းဆောင်ကို တော်လှန်ရေးရဲဘော်များက ကြိုဆိုမှု၊ ပျူစောထီးဒုခေါင်းဆောင်က တပ်တွင်း အတွေ့အကြုံများ ပြောပြမှုများကို ​လောင်းလုံပကဖ ကသြဂုတ် ၈ ရက်ထုတ်ပြန်​သော ရုပ်သံ၌ပါရှိသည်။

ပျူစောထီးဒုခေါင်းဆောင်သည်တပ်စခန်းမှထွက်ပြေးရန် စခန်းရှိ ကားနှင့် ထော်လာဂျီကိုပျက်စီးအောင်လုပ်ပြီး ဆိုင်ကယ်စီး၍ထွက်လာခဲ့ကြောင်း ပြောပြသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်မိပြီဖြစ်၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့်တိုက်ပွဲများ၌လက်အောက်ငယ်သားများ ကျဆုံးပါက အလောင်းထက် လက်နက်ကို ရအောင် ယူလေ့ရှိကြောင်းလည်း ပျူစောထီးဒုခေါင်းဆောင်က ပြောသည်။

“လူ့အသက်မနှမြောဘူး လက်နက်ကိုနှမြောက်ကြတာ” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ အရာရှိများအကျိုးစီးပွားအတွက် လုပ်ဆောင်ပေးခြင်းမပြုဘဲ အမြန်ဆုံးရုန်းထွက်ကြရန် စစ်ကောင်စီ အောက်လက်ငယ်သားများကို ပျူစောထီး ဒုခေါင်းဆောင်က တိုက်တွန်းသည်။

“ အကုန်လုံးပေါ့နော် ရှိတဲ့ ဆရာကြီး တွေအရာရှိ အရာခံ တပ်ကြပ်ကြီးတွေအကုန်လုံး ကျနော့်လိုပဲ ပြည်သူရင်ခွင် ခိုလှုံကြပါ”ဟု ပျူစောထီး ဒုခေါင်းဆောင်က ပြောသည်။

လောင်းလုံပကဖ တာဝန်ရှိသူကလည်း ၎င်းတို့အနေဖြင့် ယခင်က အရပ်သားများ ဖြစ်သော်လည်း စစ်ကောင်စီ၏ ဖိနှိပ်မှုကို မခံနိုင်၍လက်နက်ကိုင်တော်လှန်နေရခြင်းဖြစ်ကြောင်း ပြောသည်။

အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရာတွင် စစ်ကောင်စီတပ်တွင်းမှ ပါဝင်လာရန်လိုအပ်ကြောင်း ပကဖ တာဝန်ရှိသူက ပြောကြားသည်။ ထို့ကြောင့် မိသားစု ကိုယ်ကျိုးအတွက် အာဏာပါဝါတည်

ဆောက်ရန်အတွက် လက်အောက်ငယ်သားများကို ချနင်းနေသည့် စစ်ကောင်စီ အုပ်စုထံမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လောင်းလုံပကဖ တာဝန်ရှိသူက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။