Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်-ပူတင်တွေ့ဆုံကြတော့မှာဖြစ်ပေမယ့် ရုရှားက စစ်ပွဲကို ရပ်ချင်တဲ့ပုံ မပေါ်ဘူးလို့ ယူကရိန်း သမ္မတပြော

ယူကရိန်း စစ်ပွဲကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတဲ့တိုင် ရုရှားသမ္မတဗလာဒီမာပူတင်ဟာစစ်ပွဲကို အမှန်တကယ် ရပ်ဆိုင်းချင်တဲ့သဘောမျိုးမရှိနိုင်ဘူးလို့ ယူကရိန်း သမ္မတဗိုလိုဒီမာဇီလန်စကီးကပြောကြားခဲ့ပါတယ်။

The New York Times

သြဂုတ်-၁၅၊၂၀၂၅။People’s Spring

ယူကရိန်း စစ်ပွဲကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတဲ့တိုင် ရုရှားသမ္မတဗလာဒီမာပူတင်ဟာစစ်ပွဲကို အမှန်တကယ် ရပ်ဆိုင်းချင်တဲ့သဘောမျိုးမရှိနိုင်ဘူးလို့ ယူကရိန်း သမ္မတဗိုလိုဒီမာဇီလန်စကီးကပြောကြားခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ဟာ အမေရိကန် စံတော်ချိန်အရ ဩဂုတ် ၁၅ ရက်နေ့(မြန်မာစံ​တော်ချိန် သြဂုတ် ၁၆ ရက် နံနက်ပိုင်း)မှာတွေ့ဆုံဖို့ ညှိနှိုင်းထားတာပါ။ အလာစကာမှာ တွေ့ဆုံကြမယ့် အစီအစဉ်အတွက် ထရမ့်ဟာ ဝါရှင်တန် ဒီစီကနေ ထွက်ခွာလာပြီ ဖြစ်သလို ပူတင်ကတော့ အလာစကာနဲ့ မဝေးလှတဲ့ ရုရှားနိုင်ငံ အရှေ့ဖျားကို ရောက်နေပါတယ်။

ဓါတ်ပုံ-Getty Images ၊ Reuters

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတဲ့ ကာလနောက်ပိုင်း ဒါဟာ အမေရိကန် သမ္မတတစ်ဦးက ပူတင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှု ဖြစ်လာတာကြောင့် တစ်ကမ္ဘာလုံးကလည်း ဆွေးနွေးပွဲကို အာရုံစိုက်နေကြပါတယ်။ ဥရောပ မဟာမိတ် နိုင်ငံတွေက အဲဒီဆွေးနွေးပွဲမှာ ဇီလန်စကီးကိုပါ ဖိတ်ကြားသင့်ကြောင်း အမေရိကန်ကို ဝိုင်းဝန်း တောင်းဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ထရမ့်-ပူတင် တွေ့ဆုံမှု အနေနဲ့သာ အထမြောက်လာခဲ့တာပါ။

ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါမယ်ဆိုတဲ့ နေ့မှာတောင် ရုရှားဟာ လူတွေကို သတ်ဖြတ်နေဆဲ ဖြစ်ကြောင်း၊ စစ်ပွဲက ဆက်ဖြစ်နေကြောင်း၊ စစ်ပွဲကို အဆုံးသတ်စေဖို့ ရုရှားဖက်က အမိန့်ပေး ညွှန်ကြားတာမျိုး ညွှန်ကိန်းတစ်ခုခု လုံးဝ မမြင်မိကြောင်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။

အဲဒီမတိုင်ခင် Telegramမှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ ဇီလန်စကီးက ယူကရိန်း အနေနဲ့ အမေရိကန်အပေါ် ယုံကြည်မျှော်လင့်ထားမှာ ဖြစ်တယ်လို့လည်း သဘောထား မှတ်ချက်ပေးထားပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ အစောပိုင်းတုန်းက ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ယူကရိန်းပိုင် ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာ လူတစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ထရမ့်နဲ့ ပူတင် တွေ့ဆုံမှုကနေ ဘယ်လို သဘောတူညီမှု ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ ၇ နာရီလောက်ထိ ကြာမြင့်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတ ရာထူးကို ရယူခဲ့ပြီးနောက်ပိုင်း ပူတင်နဲ့ ဖုန်းဆက်သွယ် စကားပြောတာတွေ ရှိခဲ့ပေမယ့် အခုကတော့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှာပါ။ ထရမ့်ဟာ ၃ နှစ်ခွဲလောက် ကြာမြင့်လာပြီးဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်စေဖို့ ရုရှားကိုရော၊ ယူကရိန်းကိုပါ ဖိအားပေး တောင်းဆိုထားပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။