ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာဒေသ၌ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ ထပ်မံတွေ့ရှိကြောင်း MNDAAက ယနေ့(နိုဝင်ဘာ၂၀ရက်) ထုတ်ပြန်သည်။

မုံးကိုးတွင် စစ်ကောင်စီနှင့် MNDAAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAAသည် စစ်ကောင်စီ၏ တပ်မ(၉၉)မှ စွန့်ပစ်ထားသော လက်နက်ခဲယမ်းအများအပြားကို ထပ်မံတွေ့ရှိခဲ့သည်ဟု ရုပ်သံဖိုင်၊ ဓာတ်ပုံများနှင့် တကွ ထုတ်ပြန်ခဲ့သည်။ သို့ရာတွင်မည်သည့်နေ့ရက် မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားသည်ဆိုသည်ကို ဖော်ပြမထားပေ။

MNDAAက ထုတ်ပြန်သည့် ဓာတ်ပုံများ၌ လက်နက်ကြီးကျည်များ၊ ကျည်ဆံများ၊ စစ်သုံးခြင်းကြားများ၊ ကျည်အိမ်များနှင့် ဆေးပစ္စည်းများ စုပုံထားသည်ကို တွေ့ရသည်။
MNDAA အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကလည်း သေနတ် ၁၂ လက်နှင့် ကျည်ဆံများသိမ်းဆည်းရမိကြောင်းကို ရှေ့တန်းစစ်မြေပြင်၌ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းနှင့်အတူထုတ်ပြန်ခဲ့သည်။

Public Service Announcement
ယခင်ကလည်း မုံးကိုးဒေသ တိုက်ပွဲဖြစ်ရာနေရာများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလာင်းများနှင့် လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။


















































