Connect with us

Hi, what are you looking for?

သတင်း

အရာရှိ ၉ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ်-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဇူလိုင် ၃၁ရက်အထိ ၇လတာအတွင်း NUG ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများ၊ ပကဖအဖွဲ့များကို ဆက်သွယ်ကာ အလင်းဝင်လာသူ အရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူး ၂ဦး အပါအဝင် ၄၀၉ ဦးရှိဟု အသိပေးသည်။

ထိုသို့ ခိုလှုံလာသူများမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်မှုထမ်းနှင့် ရှမ်းနီ SNA တပ်ဖွဲ့များမှ ဖြစ်ပြီး စစ်တပ်မှ ဗိုလ်မှူး(၂)ဦး၊ ဗိုလ်ကြီး(၆)ဦး၊ ဗိုလ်(၁)ဦး တို့ပါဝင်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ရန်သူ့စစ်အရာရှိ အဆင့်များကပါ အကြမ်းဖက်စစ်တပ်ကို လက်ခံလိုခြင်းမရှိသည်ကို ပြသလျက်ရှိသည်”ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၄၀၀ ကျော်တွင် ၁၇၉ ဦးသည် လက်နက်ယူဆောင်လာခဲ့ကြောင်းနှင့် ၎င်းတို့ကို သတ်မှတ်လက်နက် တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း NUG ကာကွယ်ရေးက ထပ်မံ တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။