Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာ ရာအိမ်မှူး ပေါင်မုန့် ​သေနတ်ဖြင့်ပစ်ခံရ

“ဝမ်းဗိုက်တစ်ချက်၊လက်မောင်းတစ်ချက်၊ပေါင်တစ်ချက် စုစုပေါင်းသုံးချက်ပစ်ခံရတယ်လို့ ပြောတယ်။သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြော သည်။

ဓာတ်ပုံ - MGN

မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာမှ ရာအိမ်မှူး ပေါင်မုန့်မှာ ယနေ့(နိုဝင်ဘာ၂၁)နေ့လည်က သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ​ပြောသည်။

ရာအိမ်မှူးပေါင်မုန့်မှာ အကြမ်းဖက်စစ်ကောင်စီသတင်း ပေးဒလန်ဟု နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်ပြည်သူ့တော်လှန်ရေးအဖွဲ့များ၏ အကြိမ်ကြိမ်သတိပေးခံထားရသူလည်း ဖြစ်သည်။

“ဝမ်းဗိုက်တစ်ချက်၊လက်မောင်းတစ်ချက်၊ပေါင်တစ်ချက် စုစုပေါင်းသုံးချက်ပစ်ခံရတယ်လို့ ပြောတယ်။သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြော သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များရောက်လာပြီး စစ်ဆေးရုံသို့သယ်သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီက ကုန်းတဘောင်စံပြကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေလင်းအောင်မှာ အောက်တိုဘာ ၂၆ ရက်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက မင်္ဂလာဒုံမြို့နယ်မြသီတာရပ်ကွက် ရာအိမ်မှူး ဒေါ်ပူစူးမမှာသေနတ်ဖြင့် ငါးချက်ပစ်ခတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Facebook