Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသားတစ်ဦးက အတန်းဖော်ကို သေနတ်ပြ ခြိမ်းခြောက်လို့ ဘန်ကောက် ကောလိပ်တစ်ခုမှာ လုံခြုံရေး တင်းကျပ်ထား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Screenshot

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာ စကားများကြရင်း ကောလိပ်ရဲ့ ကျောင်းသားတစ်ယောက် အတန်းဖော် တစ်ဦးကို သေနတ်လို့ ယူဆရတဲ့ အရာကို ပြသပြီး ခြိမ်းခြောက်နေတာကို တွေ့ရှိခဲ့တဲ့နောက် စိန့်ဂေဘရီရယ်လ် အုပ်ချုပ်ရေး အဖွဲ့က ဩဂုတ် ၇ ရက်နေ့မှာ အခုလို ထုတ်ပြန်ချက်နဲ့ တုံ့ပြန်လာတာပါ။

ဗီဒီယိုထဲမှာ သေနတ် တရမ်းရမ်း လုပ်နေခဲ့သူဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ် အစိုးရ အဖွဲ့တစ်ခုရဲ့ အကြံပေး အရာရှိရဲ့ သားဖြစ်သူလို့ တရားမျှတမှု ပြန်လည် ဆောင်ကြဉ်းရေး လှုပ်ရှားမှု အဖွဲ့ဆိုတဲ့ လူမှုအဖွဲ့အစည်း တစ်ခုရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာဖတ်ဆစ် ဖတ်တာရာဆီရီချိုင်ဆင်က ပြောပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကောလိပ်ဖက်ကတော့ သေနတ်ပြ ခြိမ်းခြောက်မှုဟာ ကောလိပ်ပရဝုဏ် အပြင်ဖက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ဆက်နွှယ်တဲ့ ကျောင်းသူကျောင်းသားတွေ၊ မိဘတွေနဲ့ တခြားလူပုဂ္ဂိုလ်တွေကို မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နဲ့လည်း ချိတ်ဆက်မှု ရှိကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောင်းရဲ့ စည်းကမ်းတွေ အရရော၊ တည်ဆဲဥပဒေတွေနဲ့အညီပါ တုံ့ပြန် အရေးယူနေတယ်လို့လည်း စိန့်ဂေဘရီရယ် ကောလိပ်က ဆိုပါတယ်။

ပြီးတော့ ကောလိပ်ရဲ့ ပရဝုဏ်မှာရော၊ အပြင်ဖက်မှာပါ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ထားလိုက်သလို ပါဝင်ပတ်သက်တဲ့ ကျောင်းသူကျောင်းသား အားလုံးကိုလည်း စောင့်ကြည့်ပေးနေတယ်လို့ ကောလိပ်က ထုတ်ပြန်ပါတယ်။ ခြိမ်းခြောက်ခံရတဲ့ ကျောင်းသားကိုလည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် အားပေး ကူညီပေးထားပြီး အပိုဆောင်း အကာအကွယ်တွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ဩဂုတ် ၇ ရက်နေ့က ဘန်ကောက်နားက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား ကျောင်းသား အပါအဝင် စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ တိုက်ဆိုင်ပြီး အခုကြေညာချက်လည်း ထွက်ပေါ်လာတာပါ။ ရဲတွေကတော့ ဗီဒီယိုထဲမှာပါတဲ့ သေနတ်က တကယ့်အစစ်လား ဆိုတာကို သီးခြား အတည်မပြုသေးပါဘူး။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက သူ့ရဲ့ အစိုးရဟာ နိုင်ငံသားတွေရဲ့ လက်နက်ကိုင်ဆောင်ခွင့်တွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook