စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးအတွက် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာပြည်သူများက နွေဦးတော်လှန်ရေးအတွက်မိမိတို့ရှိ လက်ဝတ်ရတနာများကို ရောင်းချပြီး လှူဒါန်းသူများလာကြောင်း အဆိုပါလက်ဝတ်ရတနာများကိုလေလံစနစ်ဖြင့်ရောင်းချပေးနေသူ ဦဝင်းနိုင်ဦးကပြောသည်။

အိမ်တွင်းပစ္စည်းအဖြစ် အမြတ်တနိုးဝယ်ယူစုဆောင်းသိမ်းဆည်းထားသော အဖိုးတန်လက်ဝတ်ရတနာများကို စစ်အာဏာရှင်ပြုတ်ကျရေးအတွက် သဒ္ဒါထက်သန်စွာ လှူဒါန်းနေကြခြင်းဖြစ်ပြီးပြီးခဲ့သည့်မတ်လမှစတင်ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုအခါ ကျပ်သိန်း ၁၀၀၀ကျော်ဖိုးရောင်းချလှူဒါန်းပြီးဖြစ်ကြောင်း ဦးဝင်း
နိုင်ဦးကရှင်းပြသည်။
“အကောင့်မှာ ဖော်လိုဝါ တဦးက စိန်လက်ကောက် လှူရာက စပါတယ်။ နောက်တော့ အဲလို ဆက်လုပ်လာဖြစ်တာပါပဲ”ဟု ဦးဝင်းနိုင်ဦးကနွေဦးတော်လှန်ရေးအတွက် လက်ဝတ်ရတနာများရောင်းချ လှူဒါန်းမှု စတင်ဖြစ်ပေါ်လာပုံကိုပြောသည်။
လှူဒါန်းသောလက်ဝတ်ရတနာများစိန်လက်စွပ်၊ ကျောက်စိမ်းလက်စွပ်၊ စိန်လော့ကတ်၊ ရွှေလက်ကောက် ၊ပတ္တမြားလက်စွပ်၊ သဘာဝကျောက် စသောအဖိုးအိမ်တွင်းတန်ရတနာများပါဝင်သည်။ထို့အပြင် အိုင်ပက် ၊တန်ဖိုးကြီးလက်ပတ်နာရီ၊ တန်ဖိုးကြီးဘောပင်စသောပစ္စည်းများကိုလည်း နွေဦးတော်လှန်ရေးအတွက် လှူဒါန်ကြသည်ကိုတွေ့ရသည်။

Public Service Announcement
ပြည်သူများအောင်ပွဲရရန် စစ်အာဏာရှင်ကိုတော်လှန်နေသောအဖွဲ့အစည်းများကို စိတ်အားထက်သန်စွာ လှူဒါန်းမှုများတွင် တန်ဖိုးကြီးစိန်လက်စွပ်ကိုပထမဆုံးလှူဒါန်းခဲ့မှုမှာ တော်လှန်ရေးအတွက် ပြည်သူများ၏ စိတ်ဆန္ဒပြင်းပြမှုအတွက် အံသြခဲ့သည်ဟု ဦးဝင်းနိုင်ဦးက မှတ်ချက်ပြုသည်။
အဓိကလှူဒါန်းရန်ရောင်းသူများမှာ မြန်မာပြည်တွင်းမှ အိမ်ရှင်မများဖြစ်ပြီး ဝယ်ယူသူများမှာလည်း အိမ်ရှင်မများပင်ဖြစ်သည်သည်။ ထိုအပြင်နွေဦးတော်လှန်ရေးအောင်မြင်ရန် လှူဒါန်းမူနှင့် ဝယ်ယူမူများတွင် စစ်တပ်မှဗိုလ်မှူးကတော်များပင်ပါဝင်ကြောင်း၎င်းကဆိုသည်။လှူဒါန်းသူများက ၎င်းတို့ဝယ်ယူစဉ်က ဘောင်ချာများကိုပါ တစ်ပါတည်း ပြန်လည်ပေးအပ်ခဲ့သူများရှိသည်။ ဝယ်ယူသူများကလည်းတော်လှန်ရေးအတွက် အလှူငွေပိုရရန် ပေါက်ဈေးထက်ပိုပေးဝယ်ယူကြခြင်းဖြစ်သည်။
ရောင်းချခိုင်းသည့် ပစ္စည်းများကိုတော်လှန်ရေးအတွက် အပြည့်အဝလှူဒါန်းမှသာ ရောင်းချပေးပြီး တချို့တဝက်ကို ပြန်လည် တောင်းယူမည်ဆိုပါက ရောင်းချပေးမည်မဟုတ်ကြောင်းသတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူသူများသည် တော်လှန်ရေးအတွက် ဈေးပိုပေးဝယ်ယူနေခြင်းကြောင့်ဖြစ်သည်ဟု ဦးဝင်နိုင်ဦးကပြောသည်။
ထိုအပြင် ဝယ်ယူသူအချိုမှာ ငွေပေးပြီး လက်ဝတ်ရတနာများကို မယူဘဲ ၎င်းဝယ်ထားသောလက်ဝတ်ရတနာများကို တော်လှန်ရေးအတွက် ပြန်၍ လှူခဲ့၍ နောက်တစ်ကြိမ် ပြန်ရောင်းရသည်များပင်ရှိကြောင်းလည်းသိ့ရသည်။
ရောင်းချရသော အလှူငွေများကို တော်လှန်ရေးအတွက်လှူဒါန်းရာတွင် အလှူရှင် လှူဒါန်းလိုသောအဖွဲ့အစည်းများကို ပေးပို့လှူဒါန်ပေးပြီး အချို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သို့လည်းကောင်း၊ အချို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ရိုက်ပေးပို့ခိုင်းသည်ဟု ဦးဝင်းနိုင်ဦးကပြောသည်။
“ရောင်းသူဝယ်သူလူဒါန်းသူအားလုံးဂုဏ်ပြုပါတယ်။စိတ်မလျော့နဲ့။အောင်စိတ်နဲရုန်းကြတာပေါ့နော်။အားတင်းထားပါနော်ငါတို့ကလေးတွေအတွက်” ဟု တော်လှန်ရေးအတွက် လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများရောင်း၊ဝယ်နေမှုအပေါ် ပြည်သူတစ်ဦးကပြောသည်။
စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရန် ပြည်သူများက အမြန်တနိုးတန်ဖိုးထား၍ ဝယ်သူသိမ်းဆည်းထားသောလက်ဝတ်ရတနာများ ၊အိမ်တွင်းပစ္စည်းများကို သဒ္ဒါထက်သန်စွာရောင်းချ ၊ဝယ်ယူလှူဒါန်နေကြသည်မှာ လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့စဥ် ဗိုလ်ချုပ်အောင်ဆန်း၏စည်းရုံးမှုကြောင့်ပြည်သူများက အိမ်ရှိပစ္စည်းများထုတ်ရောင်း ၍ဖဆပလသို့ လှူဒါန်းခဲ့ကြသကဲ့သို့ပင်ဖြစ်ပြီး ကြက်သီးမွှေးညှင်းများပင်ထရကာ၊ပြည်သူများ၏ ယုံကြည်မှု ၊စိတ်အားထက်သန်မှုကြောင့် ပြည်သူများအောင်ပွဲရမည်ဖြစ်ကြောင်း တော်လှန်ရေးသမားတစ်ဦးကမှတ်ချက်ပြုသည်။

























































