Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူများအား စားနပ်ရိက္ခာများ လှူဒါန်း

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေသော စစ်ကောင်စီတပ်သည် အနီးပတ်ဝန်းကျင်ရှိရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား ဒေသတွင်းသပိတ်အင်အားစုနှင့် လူမှုအဖွဲ့အစည်းတစ်ခုက စားနပ်ရိက္ခာများ လှူဒါန်းပေးခဲ့သည်။

သြဂုတ် ၁၆ ရက်က ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ မီးရှို့ဖျက်ဆီး၍ လနှင့်ချီရှောင်နေရသော ပြည်သူများအား ဆန်နှင့်အသားတုများ လှူဒါန်းပေးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က ပြောသည်။

“ဆန်၊ ဆီ အခြားဘာညာကုန်စျေးတက်တော့ မလွယ်ဘူး။ ဝယ်တာကတော့ အဆင်ပြေနေပါသေးတယ်။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

အလားတူ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကလည်း တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းကုန်ကျသည့် ဆန်နှင့် အိမ်သုံးပစ္စည်းများအား အိမ်ထောင်စု ၁၀၄ စုအတွက်ထောက်ပံ့ခဲ့ကြောင်း၊ ထို့အပြင် ထမင်းကျွေးသည့်အစီအစဥ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အများပြည်သူ လှူဒါန်းမှုများဖြင့် ပြန်လည်ခွဲဝေလှူဒါန်းပေးခြင်းဖြစ်ပြီး လှူဒါန်းလိုပါကချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းhttps://www.facebook.com/profile.php?id=100083341327511 အညာပစ်တိုင်းထောင်လေးများ https://www.facebook.com/profile.php?id=100087916585581 စာမျက်နှာများမှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေသော စစ်ကောင်စီတပ်သည် အနီးပတ်ဝန်းကျင်ရှိရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။