Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်ရှိ စစ်ရှောင်ပြည်သူများအား စားနပ်ရိက္ခာများ လှူဒါန်း

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေသော စစ်ကောင်စီတပ်သည် အနီးပတ်ဝန်းကျင်ရှိရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား ဒေသတွင်းသပိတ်အင်အားစုနှင့် လူမှုအဖွဲ့အစည်းတစ်ခုက စားနပ်ရိက္ခာများ လှူဒါန်းပေးခဲ့သည်။

သြဂုတ် ၁၆ ရက်က ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ မီးရှို့ဖျက်ဆီး၍ လနှင့်ချီရှောင်နေရသော ပြည်သူများအား ဆန်နှင့်အသားတုများ လှူဒါန်းပေးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က ပြောသည်။

“ဆန်၊ ဆီ အခြားဘာညာကုန်စျေးတက်တော့ မလွယ်ဘူး။ ဝယ်တာကတော့ အဆင်ပြေနေပါသေးတယ်။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

အလားတူ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကလည်း တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းကုန်ကျသည့် ဆန်နှင့် အိမ်သုံးပစ္စည်းများအား အိမ်ထောင်စု ၁၀၄ စုအတွက်ထောက်ပံ့ခဲ့ကြောင်း၊ ထို့အပြင် ထမင်းကျွေးသည့်အစီအစဥ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အများပြည်သူ လှူဒါန်းမှုများဖြင့် ပြန်လည်ခွဲဝေလှူဒါန်းပေးခြင်းဖြစ်ပြီး လှူဒါန်းလိုပါကချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းhttps://www.facebook.com/profile.php?id=100083341327511 အညာပစ်တိုင်းထောင်လေးများ https://www.facebook.com/profile.php?id=100087916585581 စာမျက်နှာများမှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)
(စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ)

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေသော စစ်ကောင်စီတပ်သည် အနီးပတ်ဝန်းကျင်ရှိရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

နာဂဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယနိုင်ငံ-မဏိပူရ်ပြည်နယ်နှင့် နာဂဒေသဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ခဲရင်ဆိုင်နေရ​ကြောင်းဒေသခံများကပြောသည်။

သတင်း

ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာလူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ရပ်ဆိုင်းရတော့မည့်အခြေအနေတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများအား မေ့မထားရန် WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာမိုက်ကယ်ဒန်းဖို့ဒ်က တိုက်တွန်းလိုက်သည်။

သတင်း

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။