Connect with us

Hi, what are you looking for?

News

နွေဦး​တော်လှန်​ရေးအတွက် ပြည်သူများကလက်ဝတ်ရတနာနှင့်အိမ်တွင်းပစ္စည်းများ​ရောင်းချလှူဒါန်းသူများလာ

ကောင့်မှာ ဖော်လိုဝါ တဦးက စိန်လက်ကောက် လှူရာက စပါတယ်။ နောက်တော့ အဲလို ဆက်လုပ်လာဖြစ်တာပါပဲ”ဟု ဦးဝင်းနိုင်ဦးက​နွေဦး​တော်လှန်​ရေးအတွက် လက်ဝတ်ရတနာများ​ရောင်းချ လှူဒါန်းမှု စတင်ဖြစ်​ပေါ်လာပုံကိုပြောသည်။

စစ်အာဏာရှင်ဖြုတ်ချ​ရေး ​နွေဦး​တော်လှန်​ရေးအတွက် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာပြည်သူများက ​နွေဦးတော်လှန်​ရေးအတွက်မိမိတို့ရှိ လက်ဝတ်ရတနာများကို ရောင်းချပြီး လှူဒါန်းသူများလာကြောင်း အဆိုပါလက်ဝတ်ရတနာများကိုလေလံစနစ်ဖြင့်ရောင်းချပေးနေသူ ဦဝင်းနိုင်ဦးကပြောသည်။

(စစ်အာဏာရှင်ဖြုတ်ချနိုင်​ရေးအတွက် NUG နှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များကို လှူဒါန်းရန် လက်ဝတ်ရတနာများ​ပေးပို့လှူဒါန်းထားမှု အချို့ )

အိမ်တွင်းပစ္စည်းအဖြစ် အမြတ်တနိုးဝယ်ယူစု​​ဆောင်းသိမ်းဆည်းထား​သော အဖိုးတန်လက်ဝတ်ရတနာများကို ​စစ်အာဏာရှင်ပြုတ်ကျ​ရေးအတွက် သဒ္ဒါထက်သန်စွာ လှူဒါန်း​နေကြခြင်းဖြစ်ပြီးပြီးခဲ့သည့်မတ်လမှစတင်​ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုအခါ ကျပ်သိန်း ၁၀၀၀ကျော်ဖိုးရောင်းချလှူဒါန်းပြီးဖြစ်ကြောင်း ဦးဝင်း
နိုင်ဦးကရှင်းပြသည်။

“အကောင့်မှာ ဖော်လိုဝါ တဦးက စိန်လက်ကောက် လှူရာက စပါတယ်။ နောက်တော့ အဲလို ဆက်လုပ်လာဖြစ်တာပါပဲ”ဟု ဦးဝင်းနိုင်ဦးက​နွေဦး​တော်လှန်​ရေးအတွက် လက်ဝတ်ရတနာများ​ရောင်းချ လှူဒါန်းမှု စတင်ဖြစ်​ပေါ်လာပုံကိုပြောသည်။

လှူဒါန်း​သောလက်ဝတ်ရတနာများစိန်လက်စွပ်၊ ​ကျောက်စိမ်းလက်စွပ်၊ စိန်​လော့ကတ်၊ ​ရွှေလက်​ကောက် ၊ပတ္တမြားလက်စွပ်၊ သဘာဝ​ကျောက် စ​သောအဖိုးအိမ်တွင်းတန်ရတနာများပါဝင်သည်။ထို့အပြင် အိုင်ပက် ၊တန်ဖိုးကြီးလက်ပတ်နာရီ၊ တန်ဖိုးကြီး​ဘောပင်စ​သောပစ္စည်းများကိုလည်း​ ​နွေဦး​တော်လှန်​ရေးအတွက် လှူဒါန်ကြသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

ပြည်သူများ​အောင်ပွဲရရန် စစ်အာဏာရှင်ကို​တော်လှန်​နေ​သောအဖွဲ့အစည်းများကို စိတ်အားထက်သန်စွာ လှူဒါန်းမှုများတွင် တန်ဖိုးကြီးစိန်လက်စွပ်ကိုပထမဆုံးလှူဒါန်းခဲ့​မှုမှာ ​တော်လှန်​ရေးအတွက် ပြည်သူများ၏ စိတ်ဆန္ဒပြင်းပြမှုအတွက် အံသြခဲ့သည်ဟု ဦးဝင်းနိုင်ဦးက မှတ်ချက်ပြုသည်။

အဓိကလှူဒါန်းရန်ရောင်းသူများမှာ မြန်မာပြည်တွင်းမှ အိမ်ရှင်မများဖြစ်ပြီး ဝယ်ယူသူများမှာလည်း အိမ်ရှင်မများပင်ဖြစ်သည်သည်။ ထိုအပြင်​​နွေဦးတော်လှန်​ရေး​အောင်မြင်ရန် လှူဒါန်းမူနှင့် ဝယ်ယူမူများတွင် စစ်တပ်မှဗိုလ်မှူးကတော်များပင်ပါဝင်​ကြောင်း၎င်းကဆိုသည်။လှူဒါန်းသူများက ၎င်းတို့ဝယ်ယူစဉ်က ဘောင်ချာများကိုပါ တစ်ပါတည်း ပြန်လည်​ပေးအပ်ခဲ့သူများရှိသည်။ ဝယ်ယူသူများကလည်း​တော်လှန်​ရေးအတွက် ​အလှူ​ငွေပိုရရန် ​ပေါက်​ဈေးထက်ပို​ပေးဝယ်ယူကြခြင်းဖြစ်သည်။

ရောင်းချခိုင်းသည့် ပစ္စည်းများကိုတော်လှန်ရေးအတွက် အပြည့်အဝလှူဒါန်းမှသာ ရောင်းချပေးပြီး တချို့တဝက်ကို ပြန်လည် တောင်းယူမည်ဆိုပါက ရောင်းချပေးမည်မဟုတ်​ကြောင်းသတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူသူများသည် တော်လှန်ရေးအတွက် ဈေးပိုပေးဝယ်ယူနေခြင်းကြောင့်ဖြစ်သည်ဟု ဦးဝင်နိုင်ဦးက​ပြောသည်။

ထိုအပြင် ဝယ်ယူသူအချိုမှာ ​ငွေ​ပေးပြီး လက်ဝတ်ရတနာများကို မယူဘဲ ၎င်းဝယ်ထား​သောလက်ဝတ်ရတနာများကို ​တော်လှန်​ရေးအတွက် ပြန်၍ လှူခဲ့၍ ​​နောက်တစ်ကြိမ် ပြန်​ရောင်းရသည်များပင်ရှိ​ကြောင်းလည်းသိ့ရသည်။

​ရောင်းချရ​သော အလှူငွေများကို ​တော်လှန်​ရေးအတွက်လှူဒါန်းရာတွင် အလှူရှင် လှူဒါန်းလို​သောအဖွဲ့အစည်းများကို ​ပေးပို့လှူဒါန်​ပေးပြီး အချို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သို့လည်း​ကောင်း၊ အချို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ရိုက်ပေးပို့ခိုင်းသည်ဟု ဦးဝင်းနိုင်ဦးက​ပြောသည်။

“ရောင်းသူဝယ်သူလူဒါန်းသူအားလုံးဂုဏ်ပြုပါတယ်။စိတ်မလျော့နဲ့။အောင်စိတ်နဲရုန်းကြတာပေါ့နော်။အားတင်းထားပါနော်ငါတို့ကလေးတွေအတွက်” ဟု ​တော်လှန်​ရေးအတွက် ​လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများရောင်း၊ဝယ်​နေမှုအ​ပေါ် ပြည်သူတစ်ဦးက​ပြောသည်။

စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရန် ပြည်သူများက အမြန်တနိုးတန်ဖိုးထား၍ ဝယ်သူသိမ်းဆည်းထား​သောလက်ဝတ်ရတနာများ ၊အိမ်တွင်းပစ္စည်းများကို သဒ္ဒါထက်သန်စွာ​ရောင်းချ ၊ဝယ်ယူလှူဒါန်​နေကြသည်မှာ လွတ်လပ်​ရေးအတွက်ကြိုးပမ်းခဲ့စဥ် ဗိုလ်ချုပ်​အောင်ဆန်း၏စည်းရုံးမှု​ကြောင့်ပြည်သူများက အိမ်ရှိပစ္စည်းများထုတ်​ရောင်း ၍ဖဆပလသို့ လှူဒါန်းခဲ့ကြသကဲ့သို့ပင်ဖြစ်ပြီး ကြက်သီး​မွှေးညှင်းများပင်ထရကာ၊ပြည်သူများ၏ ယုံကြည်မှု ၊စိတ်အားထက်သန်မှု​ကြောင့် ပြည်သူများ​အောင်ပွဲရမည်ဖြစ်​​ကြောင်း ​ တော်လှန်​ရေးသမားတစ်ဦးကမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှ ရရှိတဲ့ငွေတွေကို ပထမဆုံးအကြိမ် လှူဒါန်းမှုအနေနဲ့ ကျပ်သိန်းရှစ်ရာ လှူဒါန်းခဲ့ကြောင်း ဒါရိုက်တာ ကိုပေါက်က အသိပေးထားပါတယ်။

သတင်း

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲနေသော စစ်ကောင်စီတပ်သည် အနီးပတ်ဝန်းကျင်ရှိရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

သြဂုတ် ၆ ရက် နံနက် ၇နာရီခန့်က ယင်းမာပင်မြို့နယ်တွင် အင်အား ၁၀၀ပါ စစ်ကြောင်းသည် စည်သူရွာနှင့်သံဘိုကျေးရွာကြားအရောက်တွင် ULF မဟာမိတ်တပ်ပေါင်းစုနှင့် ​ထိတွေ့မှုစတင်ဖြစ်ပွားခဲ့သည်။

သတင်း

NUG ၏ ​ငွေတိုက်စာချုပ် နှင့် အိမ်ယာများ​ရောင်းချမှုတွင်လည်းလုပ်ငန်းရှင်အချို့က ​ဒေါ်လာသိန်းနှင့်ချီလှူဒါန်မှုအချို့ရှိခဲ့​ကြောင်း ​​ငွေတိုက်စာချုပ်နှင့် EOD အိမ်ယာများကူညီ​ရောင်းချ​ပေးသူအချို့က​ပြောသည်။