Connect with us

Hi, what are you looking for?

သတင်း

အိမ်​တွေမီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ပြည်သူတွေရဲ့ နေအိမ်တွေကို အားရဝမ်းသာ မီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်က ရရှိခဲ့ပါတယ်။

Screenshot

Scorpio/People’s Spring

ပြည်သူတွေရဲ့ နေအိမ်တွေကို အားရဝမ်းသာ မီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်က ရရှိခဲ့ပါတယ်။

ပထမရုပ်သံမှတ်တမ်းကတော့မနက်ဝေလီဝေလင်းအချိန် ကျေးရွာတရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေချိန်ပြီး ဝင်လာခဲ့ကြတာကို တွေ့ရတယ်။ လူသူမရှိတဲ့ရွာထဲမှာ စစ်အုပ်စုဝင်တွေဝင်လာတော့ ကြက်တွေလန့်ပြီး အော်တဲ့အသံကြားရတယ်။ ခွေးတကောင်လည်း ထွက်ပြေးသွားတာတွေ့တယ်။ စစ်အုပ်စုဟာ နေအိမ်ဝင်း တဝင်းထဲ ဝင်ခဲ့ကြတာကို တွေ့ရတယ်။

https://www.facebook.com/reel/2176491996179546

Public Service Announcement

Public Service Announcement

နောက်ထပ်ရုပ်သံမှတ်တမ်းမှာတော့ ဆေးလိပ်ခဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးဟာမီးညွန့်မီးလျှံတွေနဲ့ လောင်ကျွမ်းနေတဲ့ နှစ်ထပ်အိမ်ကြီးတလုံးကို နောက်ခံထားပြီး သေနတ်ကိုမြှောက်ပြပါတယ်။ ဘယ်ဘက်လက်ကိုလည်း အောင်ပွဲခံတဲ့အနေနဲ့ လက်သီးစုပ်ပြီး ထောင်ပြတယ်။

ဖုန်းကင်မရာရိုက်ကူးနေသူက ရယ်သံစွက်နေတဲ့အသံနဲ့ “စကားတခွန်းနှစ်ခွန်းလောက် ပြောခဲ့ပါဦး”ဆိုတော့ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကင်မရာမြင်ကွင်းထဲဝင်လာတယ်။

နောက်ထပ်ဝင်လာသူက “PDF မဟုတ်ဘူး တပ်မတော်ဟေ့ရောင်။ မင်းတို့ PDF အိမ်ကို ရှိုး၊ ရှိုးလိုက်”ဆိုပြီး ပြောရင်း မီးလောင်နေတဲ့အိမ်ကို ညွှန်းပြရင်း ရယ်မောရင်းပြောတယ်။ “တိုက်လို့်ရသေးတယ်။ ခိုက်လို့ရသေးတယ်။ သဘောပေါက်”လို့ အဲဒီစစ်ကောင်စီတပ်သားက စိန်​ခေါ်ပါတယ်။

နောက်ထပ်ရုပ်သံမှတ်တမ်းတခုမှာတော့အဆောက်အအုံတခု မီးလောင်ကျွမ်းနေတဲ့ မြင်ကွင်းပါ။ ကင်မရာကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဝင်းဦးရဲ့ မီးပုံပွဲသီချင်းထဲကစာသား “မီးပုံဘေးမှာ စုကာဝေးကာ အပေါင်းအဖော်များနဲ့ ပျော်ရွှင်မယ်။”လို့ ဆိုရင်း မီးလောင်တဲ့မြင်ကွင်းကို သဘောကျတဲ့ပုံစံနဲ့ ရယ်သံတွေထွက်လာတယ်။

ဒီရုပ်သံမှတ်တမ်းတွေဟာ တိုက်ပွဲတခုမှာစစ်အုပ်စုဆီက သိမ်းဆည်းရမိခဲ့တဲ့ ဖုန်းထဲကနေ တွေ့ရှိခဲ့တာဖြစ်ကြောင်း ရေစကြိုပကဖအဖွဲ့မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

“ခွေးဖုန်းထဲကနေရတာ။ သေတဲ့ခွေးတွေနဲ့ ကျောပိုးအိတ်တွေ ကျန်ခဲ့တဲ့ခွေးတွေဆီကနေရတာ။ အဲဖုန်းထဲကနေတွေ့တာ။”လို့ သူက ပြောပါတယ်။

ရုပ်သံမြင်ကွင်းထဲပါတဲ့ဖြစ်စဥ်က ဘယ်တုန်းကဖြစ်ခဲ့တယ်ဆိုတာ မသိရပေမဲ့ ရေစကြိုမြို့နယ်ထဲက ရွာတရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကိုဝေကြီးက ပြောပါတယ်။

“နှစ်အတိအကျတော့ မသိရပေမဲ့ ရေစကြိုတောင်ဘက်က ရွာတွေမှာ ဖြစ်သွားတာ”လို့ သူကပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းကလည်း ရေစကြိုမြို့နယ်က ကျေးရွာတွေကို မီးရှိ့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းကို Southern YSO PDF အဖွဲ့က ရရှိခဲ့ဖူးပါတယ်။ အခု ရေစကြိုပကဖအဖွဲ့က ရရှိတဲ့ ရုပ်သံတွေနဲ့မတူညီပါဘူး။ ယခင်ရုပ်သံမှတ်တမ်းတွေမှာတော့ ရေစကြိုမြို့ပေါ်တပ် ခလရ ၂၅၇၊ ၂၅၈ တပ်ရင်းက စစ်သားတွေက မီးရှို့ခဲ့တာပါ။

စစ်​ကောင်စီ လက်​အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့​တွေဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းနိုင်ငံတစ်ဝန်း ​နေအိမ် ၊အ​ဆောက်အအုံ​ပေါင်း တစ်သိန်း ​ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာမြန်မာ့သမိုင်းတ​လျှောက် ​နေအိမ်အ​ဆောက်အအုံ​တွေကို အများဆုံးမီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

ရုပ်သံ-​ရေစကြိုပကဖ

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။