Connect with us

Hi, what are you looking for?

သတင်း

ခရစ်ယာန်ဘုရားကျောင်း မီးရှို့တဲ့ စစ်တပ်လုပ်ရပ် ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ကန့်ကွက် ရှုတ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

(စစ်တပ်က မဟာစည်သာသနာ့ရိပ်သာကို ဗုံးကြဲပြီးနောက်မြင်ကွင်းနဲ့ ထင်နန်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမီးရှို့ပြီးနောက်မြင်ကွင်း။ ဓါတ်ပုံံ-ရွှေဘိုမြို့နယ် သပိတ်အင်အားစု၊ KNG)

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က KBC ဘုရားကျောင်းကို မီးရှို့တာ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်များ လုပ်ဆောင်နေတဲ့အပေါ် အခုလို ကန့်ကွက်ရှုတ်ချခဲ့တာပါ။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးလိုက်တာဟာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ဆိုရင် ကချင်ပြည်နယ်မှာ ဘုရားကျောင်းကို အခြေခံပြီးမှ စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုတွေလည်း ရှိခဲ့ပါတယ်။ဆိုတော့ ကချင်ပြည်နယ်မှာဆိုရင် ဘာသာရေးဘုရားကျောင်းတွေကို ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အခြေခံပြီးမှ စစ်ဘက်ဆိုင်ရာ တွေ အသုံးပြုမှုတွေ ပိုလုပ်ဆောင်နေတာတွေ့ရှိရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဆိုတော့ ကချင်ပြည်နယ်မှာ ဆိုရင်ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေရှိပါတယ်”လို့ ကိုဂျေးကော့က ပြောကြားပါတယ်။

စက်တင်ဘာလအတွင်းကလည်း စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းရွာက KBC ဘုရားကျောင်းမှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သလို အောက်တိုဘာ ၅ရက်ကလည်း စစ်တပ် နဲ့ SNA တို့ဟာ မိုးညှင်းမြို့နယ် ချောင်း၀ရွာရှိ KBC ဘုရားကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက် အောက်တိုဘာ ၁၂ရက်မှာ ဗန်းမော် ၃မိုင်ရွာက KBC ဘုရားကျောင်းနဲ့ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တာပါ။

စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဘာသာရေးဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူများနဲ့ သက်ဆိုင်တဲ့ စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုတစ်ရပ်ဖြစ် ကြောင်း KHRWက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။