ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ အချို့၏ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
MNDAAနှင့် စစ်ကောင်စီတပ်အကြား နိုဝင်ဘာ ၂၀ရက်နှင့် ၂၁ရက် နေ့များ၌ တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေများ၊ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု အခြေအနေများကိုထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မုံးကိုးဒေသ၌ နိုဝင်ဘာ ၂၁ရက်က တိုက်ပွဲ ၆ကြိမ် ဖြစ်ပွားခဲ့ပြီး MNDAA၏ မိန်ရန် တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့ကြောင်း၊ ထို့သို့ပစ်ခတ်ရာတွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်သည် ရွာတွင်းသို့ကျရောက် ပေါက်ကွဲပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ချင်ချိုင့်ထန် တပ်စခန်းကို ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲ ၅နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီ စစ်ကောင်စီတပ်နောက်ပြန်ဆုတ်သွားကြောင်း၊ နမ့်ဟရွာအနောက်ဘက်တောင် ကုန်းရှိညောင် ပင်ကြီး ၊ ဖူလုံအနောက်ဘက်တောင်ကုန်း နေရာများ၌လည်း တိုက်ပွဲ ဖြစ်ခဲ့ကြောင်းသိ့ရသည်။

Public Service Announcement

နိုဝင်ဘာလ ၂၀ ရက်ကလည်း စစ်ကောင်စီ၏ တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၁၀၅)နှင့်တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၁၅)သည် MNDAA၏မန်ရန် တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက် လာ၍ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်သွားကြောင်း၊ နိုဝင်ဘာ ၂၁ရက်က စစ်မြေပြင်သို့ ရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


















































