Connect with us

Hi, what are you looking for?

News

ချင်းနှင့် မကွေး နယ်စပ်ဒေသများ၌ စစ်ကောင်စီတပ် လက်နက်အင်အားဖြည့်ခြင်း အပါအဝင် စစ်ရေးလှုပ်ရှားမှုပိုလုပ်လာ

CDF-MINDAT အနေဖြင့် ထီးလင်းမြို့နယ်ဘက်ကို စောင့်ကြည့်စစ်ကူပေးခြင်း၊ ဆောမြို့နယ် နှင့် ကန်ပက်လက်နယ်ဘက်ကိုလည်း တောက်လျှောက် စစ်ကူပေး‌ခြင်း ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(အကြမ်းဖက်စစ်​ကောင်စီကယခင်အပါတ်က ​ဆောမြို့နယ်အတွင်း ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည်။)

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်များ အသုံးပြုပြီး လက်နက်အင်အား ဖြည့်ခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြောင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ကန်ပက်လက်နှင့် မတူပီ မြို့နယ်များရှိ ၎င်းတို့၏ တပ်စခန်းများထံ ရဟတ်ယာဉ်ဖြင့် လက်နက်များပို့ဆောင်မှုများ ရှိသကဲ့သို့ စစ်ကြောင်းအချို့သည် မြို့ပေါ်မှ ကျေးလက်ဒေသများသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း ချင်းအမျိုးသား တပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မြို့ပေါ်ကနေ နယ်ဘက်ဆင်းတာတွေရှိတာပေါ့။ ဒါပေမဲ့ နယ်ဘက်ဒေသတွေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေက နေရာယူထားတယ်ဆိုတော့ သိပ်ပြီးတော့ မတိုးနိုင်ဘူးပေါ့။အခုလက်ရှိအနေအထားထိ သူတို့ အနော်ရထာ စစ်ဆင်ရေးက သူတို့ ထင်သလောက်တော့ သူတို့ လုပ်နိုင်တာတော့ မဟုတ်ဘူးလို့ ကျွန်တော်တို့ သုံးသပ်တာပေါ့။ စစ်ရေးဘောင်က ကျယ်လာပေမယ့် သူတို့ လုပ်ဆောင်မှုက ထိရောက်မှုမရှိပါဘူး” ဟု ဆလိုင်းထက်နီက ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

စစ်ဘောင်ကျယ်လာပါက လူထု ထိခိုက်မှုများ ပိုမိုဖြစ်လာနိုင်၍ လုံခြုံရေးသတိပြုနေထိုင်ကြရန် ၎င်းက ပြည်သူများအား မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ချင်း​ဒေသကာကွယ်ရေတပ်ဖွဲ့ မင်းတပ်မြို့နယ်(CDF-MINDAT)ကလည်း ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်တွင် စစ်ကောင်စီတပ်များ ခပ်စိတ်စိတ် လှုပ်ရှားမှုများ ရှိကြောင်း ယမန်နေ့ညက ထုတ်ပြန်သည်။

CDF-MINDAT အနေဖြင့် ထီးလင်းမြို့နယ်ဘက်ကို စောင့်ကြည့်စစ်ကူပေးခြင်း၊ ဆောမြို့နယ် နှင့် ကန်ပက်လက်နယ်ဘက်ကိုလည်း တောက်လျှောက် စစ်ကူပေး‌ခြင်း ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အမာကို ရှောင်ပြီး အပျော့ကို တိုက်‌နေသည်ဟု ယူဆရကြောင်း၊ ဆော နှင့် ကန်ပက်လက်ကို အင်နှင့် အားနှင့် ဖိနေကြောင်း၊ ယင်းထိုးစစ်များပြီးလျှင် မင်းတပ်ကိုလည်း ဦးတည်လာနိုင်ကြောင်း ယူဆသည်ဟု CDF-MINDATက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။