Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းနှင့် မကွေး နယ်စပ်ဒေသများ၌ စစ်ကောင်စီတပ် လက်နက်အင်အားဖြည့်ခြင်း အပါအဝင် စစ်ရေးလှုပ်ရှားမှုပိုလုပ်လာ

CDF-MINDAT အနေဖြင့် ထီးလင်းမြို့နယ်ဘက်ကို စောင့်ကြည့်စစ်ကူပေးခြင်း၊ ဆောမြို့နယ် နှင့် ကန်ပက်လက်နယ်ဘက်ကိုလည်း တောက်လျှောက် စစ်ကူပေး‌ခြင်း ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(အကြမ်းဖက်စစ်​ကောင်စီကယခင်အပါတ်က ​ဆောမြို့နယ်အတွင်း ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည်။)

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်များ အသုံးပြုပြီး လက်နက်အင်အား ဖြည့်ခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြောင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ကန်ပက်လက်နှင့် မတူပီ မြို့နယ်များရှိ ၎င်းတို့၏ တပ်စခန်းများထံ ရဟတ်ယာဉ်ဖြင့် လက်နက်များပို့ဆောင်မှုများ ရှိသကဲ့သို့ စစ်ကြောင်းအချို့သည် မြို့ပေါ်မှ ကျေးလက်ဒေသများသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း ချင်းအမျိုးသား တပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မြို့ပေါ်ကနေ နယ်ဘက်ဆင်းတာတွေရှိတာပေါ့။ ဒါပေမဲ့ နယ်ဘက်ဒေသတွေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေက နေရာယူထားတယ်ဆိုတော့ သိပ်ပြီးတော့ မတိုးနိုင်ဘူးပေါ့။အခုလက်ရှိအနေအထားထိ သူတို့ အနော်ရထာ စစ်ဆင်ရေးက သူတို့ ထင်သလောက်တော့ သူတို့ လုပ်နိုင်တာတော့ မဟုတ်ဘူးလို့ ကျွန်တော်တို့ သုံးသပ်တာပေါ့။ စစ်ရေးဘောင်က ကျယ်လာပေမယ့် သူတို့ လုပ်ဆောင်မှုက ထိရောက်မှုမရှိပါဘူး” ဟု ဆလိုင်းထက်နီက ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

စစ်ဘောင်ကျယ်လာပါက လူထု ထိခိုက်မှုများ ပိုမိုဖြစ်လာနိုင်၍ လုံခြုံရေးသတိပြုနေထိုင်ကြရန် ၎င်းက ပြည်သူများအား မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ချင်း​ဒေသကာကွယ်ရေတပ်ဖွဲ့ မင်းတပ်မြို့နယ်(CDF-MINDAT)ကလည်း ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်တွင် စစ်ကောင်စီတပ်များ ခပ်စိတ်စိတ် လှုပ်ရှားမှုများ ရှိကြောင်း ယမန်နေ့ညက ထုတ်ပြန်သည်။

CDF-MINDAT အနေဖြင့် ထီးလင်းမြို့နယ်ဘက်ကို စောင့်ကြည့်စစ်ကူပေးခြင်း၊ ဆောမြို့နယ် နှင့် ကန်ပက်လက်နယ်ဘက်ကိုလည်း တောက်လျှောက် စစ်ကူပေး‌ခြင်း ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အမာကို ရှောင်ပြီး အပျော့ကို တိုက်‌နေသည်ဟု ယူဆရကြောင်း၊ ဆော နှင့် ကန်ပက်လက်ကို အင်နှင့် အားနှင့် ဖိနေကြောင်း၊ ယင်းထိုးစစ်များပြီးလျှင် မင်းတပ်ကိုလည်း ဦးတည်လာနိုင်ကြောင်း ယူဆသည်ဟု CDF-MINDATက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။