Connect with us

Hi, what are you looking for?

News

WHO ရဲ့ နှစ်ပတ်လည် ညီလာခံကို မြန်မာ ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်

ဘယ်အစိုးရ အဖွဲ့ရဲ့ ကိုယ်စားလှယ်ကို လက်ခံရမလဲ ဆိုတာကို ယတိပြတ် မဆုံးဖြတ်နိုင်သေးတဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့မယ်လို့ သိရပါတယ်။

၇၄ ကြိမ်မြောက် WHO နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ အာဏာသိမ်း စစ်တပ်ကရော၊ NUG အစိုးရ အဖွဲ့ဆီကပါ ကမ်းလျမ်းမှုတွေ ရရှိထားတယ်လို့ WHO က အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်အစိုးရ အဖွဲ့ကို အသိအမှတ် ပြုရမလဲဆိုတာ ဆုံးဖြတ်လို့ မရသေးတဲ့အတွက် လာမယ့် သီတင်းပတ်မှာ စတင်ပြီး ဇွန်လ ၁ ရက်ထိ ကြာမြင့်မယ့် ညီလာခံမှာ မြန်မာကို တက်ရောက်ခွင့် မပေးတော့ဖို့ WHO အဖွဲ့ဝင် နိုင်ငံတွေ မဲမခွဲဘဲ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ လက်ရှိ ကာလမျိုးမှာတော့ WHO ရဲ့ နှစ်ပတ်လည် ညီလာခံဟာ နိုင်ငံတကာအတွက် အရေးအကြီးဆုံး အစည်းအဝေးကြီး တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရ အဖွဲ့ကို တရားဝင် အသိအမှတ် ပြုရမလဲ ဆိုတာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ စီမံဆုံးဖြတ်ချက်ကို စောင့်ပြီးမှ ရွေးချယ်သင့်တယ်လို့ ယူဆကြောင်း WHO က ပြောပါတယ်။

ဒါဟာ လက်ရှိ အခြေအနေတွေအရ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘယ်ကိုယ်စားလှယ်မှ မတက်ရောက်သင့်ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းယူထားတာ ၄ လလောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီအတောအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကြောင့် ပြည်သူ ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရဟာ လူထု ထောက်ခံမှုကို ပိုမို ရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။