Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်လုံး ထောက်ခံ တင်မြှောက်

လွှတ်တော် နှစ်ရပ်လုံးရဲ့ မဲခွဲ ထောက်ခံမှုနဲ့အတူ ဆာနေး တာကိုင်ချီဟာ ဂျပန်နိုင်ငံ သမိုင်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသွားပါတယ်။

ဓာတ်ပုံ - Reuters

လွှတ်တော် နှစ်ရပ်လုံးရဲ့ မဲခွဲ ထောက်ခံမှုနဲ့အတူ ဆာနေး တာကိုင်ချီဟာ ဂျပန်နိုင်ငံ သမိုင်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသွားပါတယ်။

အသက် ၆၄ နှစ်အရွယ် တာကိုင်ချီဟာ ဗြိတိန်ရဲ့ သံမဏိ အမျိုးသမီးအဖြစ် တင်စားခံရသူ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာကို အထူးလေးစား အားကျခဲ့သူပါ။ သက်ချာဟာ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့သလို အခုတော့ တာကိုင်ချီကလည်း စံပြုပုဂ္ဂိုလ်ရဲ့ ခြေရာကို လိုက်နင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ဂျပန် ဝန်ကြီးချုပ်နဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) အကြီးအကဲ ရှီဂီရူ အီရှီဘီက ရာထူး နှစ်ခုစလုံးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက် LDP အကြီးအကဲ နေရာအတွက် ပါတီတွင်း ရွေးကောက်ပွဲမှာ တာကိုင်ချီက အနိုင်ရခဲ့ပါတယ်။

တကယ်လို့ LDPသာ လွှတ်တော်ထဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရထားခဲ့မယ် ဆိုရင်တော့ တာကိုင်ချီဟာ အာဏာရပါတီ အကြီးအကဲ အနေနဲ့ ဝန်ကြီးချုပ် ရာထူးကို တိုက်ရိုက် လက်လွှဲယူနိုင်ခဲ့မှာပါ။ ဒါပေမဲ့ LDPရဲ့ လွှတ်တော်တွင်း ရပ်တည်မှုက အဲဒီလောက် အားမကောင်းတာကြောင့် အီရှီဘီဟာ သူဦးဆောင်မယ့် ညွန့်ပေါင်း အစိုးရသစ်အတွက် တခြားပါတီ တချို့ကို စည်းရုံးခဲ့ပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ ဝန်ကြီးချုပ် နေရာအတွက် အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်မှာ မဲခွဲဆုံးဖြတ်မှု ခံယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တာကိုင်ချီဟာ အောက်လွှတ်တော်မှာ မျှော်လင့်ထားတဲ့ ထောက်ခံမဲ အရေအတွက်ထက် ၄ မဲ ပိုပြီး ၂၃၇ မဲထိ ရခဲ့ပါတယ်။ ဒါဟာ သောင်ပြိုကမ်းပြို မဲရလဒ်လို့ သတ်မှတ်နိုင်တာထက် ပိုပါတယ်။ ဒါ့အပြင် အောက်လွှတ်တော်လောက် ဩဇာမရှိတဲ့ အထက်လွှတ်တော် မဲပေးမှုမှာလည်း သောင်ပြိုကမ်းပြို မဲရလဒ်လို့ သတ်မှတ်နိုင်တာထက် ၁ မဲပိုပြီး ၁၂၅ မဲထိ ရရှိခဲ့ပါတယ်။

ဒီအခြေအနေတွေက တာကိုင်ချီ အနေနဲ့ ဂျပန်ရဲ့ ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး နိုင်ငံခေါင်းဆောင် ဖြစ်လာဖို့ သေချာသွားစေခဲ့ပါတယ်။ သူဟာ အောက်တိုဘာ ၂၂ ရက်နေ့ကျရင် ဂျပန် ဘုရင်ဆီက တရားဝင် အသိအမှတ် ပြုမှုကို ခံယူပြီး ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ဖွယ် ရှိနေပါတယ်။

တာကိုင်ချီဟာ သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးအဖြစ်လည်း လူသိများပါတယ်။ သူဟာ LDPရဲ့ ခေါင်းဆောင် နေရာအတွက် တတိယအကြိမ်မြောက် ယှဉ်ပြိုင်ချိန်မှာ အနိုင်ရခဲ့တာပါ။ အခုတော့ သူဟာ ပါတီ ခေါင်းဆောင် အဖြစ်ရော၊ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ်ပါ တင်မြှောက် ခံခဲ့ရပါပြီ။

လာမယ့် သီတင်းပတ်ကျရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဂျပန်ကို လာရောက်ဖို့ ရှိနေပြီး တာကိုင်ချီကတော့ အိမ်ရှင်နိုင်ငံရဲ့ ခေါင်းဆောင် အနေနဲ့ ထရမ့်ကို တာဝန်ယူ ကြိုဆိုရတော့မှာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။